နည်းပညာတွေ တိုးတက်လာနေတဲ့ ခေတ်ကြီးမှာ အပြိုင်အဆိုင် နည်းပညာပစ္စည်းများကို တီထွင်လာခဲ့ကြပါတယ်။ ဒီအထဲမှာမှ စက်ရုပ်တွေရဲ့ အခန်းကဏ္ဍဟာဆိုရင် တဖြည်းဖြည်းနဲ့ အရေးပါ အရာရောက်လာခဲ့ပြီလို့ ဆိုရမှာပါပဲ။ အရင်က စက်ရုပ်တွေကို စစ်ဘက်ဆိုင်ရာနဲ့ ကုန်ထုတ်လုပ်မှုပိုင်းတွေမှာသာ အသုံးပြုခဲ့ကြပေမယ့် ယခုအခါမှာ ပညာရေးနယ်ပယ်မှာပါ အသုံးဝင်လာတာကိုတွေ့ရှိရပါတယ်။
ခုဆိုရင်လည်း ဖင်လန်နိုင်ငံမှာ မူလတန်းကလေးတွေကို အနီးကပ် စာသင်ကြားပြသပေးဖို့အတွက် လက်ထောက်ဆရာ စက်ရုပ်ကို တီထွင်ခဲ့ပါတယ်။ အဆိုပါ စက်ရုပ်ကို Elias လို့ ခေါ်ပြီး မတူညီတဲ့ ဘာသာစကား ၂၃မျိုးကို ပြောနိုင်ပါတယ်။ ဒါ့အပြင် ဒီစက်ရုပ်ဟာ ကျောင်းသား တစ်ဦးချင်းစီရဲ့ လိုအပ်ချက်ကို နားလည်သဘောပေါက်စေဖို့အတွက်လည်း တီထွင်ပေးထားပါတယ်။
ဒီစက်ရုပ်ရဲ့ အားသာချက်တွေဟာဆိုရင် ကျောင်းသားတွေရဲ့ ဘာသားစကားသင်ကြားခြင်းနဲ့ ပတ်သက်ပြီး အသံထွက်နဲ့ စာလုံးပေါင်းအမှားတွေကို ထပ်တလဲလဲ သင်ကြားပေးနိုင်ပါတယ်။ Elias ဟာ ကျောင်းသားတစ်ဦးစီရဲ့ သင်ကြားမှုပိုင်းဆိုင်ရာ တိုးတက်မှုတွေကို မှတ်မိနိုင်စွမ်းရှိပြီး ကျောင်းသားတွေကိုလည်း ပညာရေးနဲ့ ပက်သတ်တဲ့ မေးခွန်းတွေ အပြန်အလှန်မေးမြန်းနိုင်တယ်လို့လည်း သိရှိရပါတယ်။ Elias အတူပါတဲ့ စက်ရုပ်ကတော့ OVObot ဖြစ်ပြီး ဇီးကွက်နဲ့တူအောင်လုပ်ထားတာဖြစ်ပါတယ်။ သူကတော့ သင်္ချာ ကိုသင်ကြားပေးပါတယ်။
သတင်း အရင်းအမြစ်៖ Internet of business