ကျပ်တည်းနေတဲ့ ကာလမှာ စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေရဲ့ အခက်အခဲကို ခဏတာ ကူညီဖြေရှင်းပေးခဲ့တဲ့ အုပ်စိုးခန့်

//s9.kh1.co/b4/b44646e2ebeb547d429622fc0ce1ec737cd0ba31.jpeg
အနုပညာရှင်များ

 ၀၆-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာလူမျိုးတွေကတော့ အရေးကြုံလာရင် လူမျိုးဘာသာမရွေး အဆင့်အတန်း မခွဲခြားဘဲ ကူညီဖေးမကြတာ လေးစားစရာ စိတ်ဓာတ်တွေပါပဲ ။ လှူဒါန်းပေးကမ်းရာမှာလည်း သဒ္ဓါတရား ထက်သန်စွာ အရမ်းရက်ရောကြလို့ ကိုယ့်ရဲ့ အဆင်မပြေမှုတွေကိုတောင်မေ့လျော့ပြီး တစ်ပါးသူတွေအတွက် တတ်စွမ်းသလောက် ကူညီပေးနေကြတာပါ ။ ဒီလိုကာလတွေမှာလည်း အားလုံးက စည်းစည်းလုံးလုံးနဲ့ အရာရာကို ရင်ဆိုင် အားတင်းကာ ဖြတ်သန်းလျက်ရှိပါတယ် ။

Photo Credit : Oak Soe Khant Facebook Page 
Photo Credit : Oak Soe Khant Facebook Page 
Photo Credit : Oak Soe Khant Facebook Page 
Photo Credit : Oak Soe Khant Facebook Page 

လတ်တလောမှာဆိုရင် နေရာအနှံအပြားမှာ လူတန်းစားမရွေး ဝယ်ယူနိုင်ရန် ရည်ရွယ်ပြီး စားသောက်ကုန်တွေကို အကြွေတွေနဲ့ ရောင်းချပေးလာကြသလို တတ်နိုင်သလောက် လှူဒါန်းဝေဌကာ ကူညီထောက်ပံ့ပေးနေတဲ့ အလှူရှင်တွေ များစွာ ပေါ်ပေါက်လျက်ရှိတာကို ဝမ်းမြောက်စွာ တွေ့ရပါတယ် ။  ဒီလို လှူဒါန်းကြသူတွေ အထဲမှာ အနုပညာရှင်တွေလည်း အပါအဝင်ပါပဲ ။

Photo Credit : Oak Soe Khant Facebook Page 
Photo Credit : Oak Soe Khant Facebook Page 
Photo Credit : Oak Soe Khant Facebook Page 
Photo Credit : Oak Soe Khant Facebook Page 

အခုလည်း အုပ်စိုးခန့်က ဒီလို ကျပ်တည်းတဲ့ ကာလမှာ စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေ အတွက် တတ်နိုင်သလောက်လေး တစ်နပ်စာ ထမင်းနဲ့ ဟင်းများကို သွားရောက် ဝေဌလှူဒါန်းခဲ့ပါတယ် ။ ဒါ့အပြင် ကလေးငယ်လေးတွေကိုလည်း မုန့်ဖိုးများ ပေးဝေခဲ့တာကိုလည်း ပုံတွေထဲမှာ တွေ့ရပါတယ် ။ အလှူပုံတွေ ကြည့်ပြီး ကြည်နူး ပီတိဖြစ်ရတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit : Oak Soe Khant Facebook Page 
Photo Credit : Oak Soe Khant Facebook Page 
Source & Photo Credit : Oak Soe Khant Facebook Page 
Source & Photo Credit : Oak Soe Khant Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T