အမြင်အာရုံအားနည်းတဲ့ ကိုမင်းသုခကို ဖောက်ခွဲရေးလုပ်ဆောင်သူအဖြစ် စွပ်စွဲပြီး ထောင်ဒဏ် (၁၀)နှစ်ချမှတ်လိုက်တဲ့ မြောက်ဥက္ကလာပစစ်ခုံရုံး

//s9.kh1.co/6f/6f2f114439edbb00aa6332b9bc48a94db6254208.jpg
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အမြင်အာရုံအားနည်းတဲ့ ကိုမင်းသုခကို ဖောက်ခွဲရေးလုပ်ဆောင်သူအဖြစ် စွပ်စွဲပြီး ထောင်ဒဏ် (၁၀)နှစ်ချမှတ်လိုက်တဲ့ မြောက်ဥက္ကလာပစစ်ခုံရုံး

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ ကိုမင်းသုခကျော်ကတော့ ပြီးခဲ့တဲ့ဇွန်လ (၆) ရက်နေ့ကပဲ အာဏာရှင်တွေရဲ့ဖမ်းဆီးထိန်းခြင်းခံခဲ့ရသူ ဖြစ်ပါတယ် ။ အသက် (၂၆) နှစ်အရွယ်ရှိတဲ့ ကိုမင်းသုခကို မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တစ်ခုမှာ လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ ကိုမင်းသုခကို ဖောက်ခွဲရေးလုပ်ငန်း လုပ်ဆောင်သူတစ်ဦးအဖြစ် အာဏာရှင်တွေဘက်ကနေ ကြေညာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-"ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ" FB Page
Photo Credit-"ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ" FB Page

ကိုမင်းသုခကို ဖမ်းဆီးထိန်းသိမ်းပြီး (၃)လအကြာမှာတော့ မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံးကနေ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ် ။ ယနေ့ စက်တင်ဘာလ (၆)ရက်နေ့မှာပဲ ကိုမင်းသုခကို ထောင်ဒဏ် (၁၀)နှစ်တိတိ ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရှိရတာ ဖြစ်ပါတယ် ။ ဒီအကြောင်းကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာထက်မှာ ကြေညာထားတာလည်း ဖြစ်ပါတယ်။

Photo Credit-"ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ" FB Page
Photo Credit-"ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ" FB Page
Photo Credit-"Future The DAGON" FB Page
Photo Credit-"Future The DAGON" FB Page

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ကတော့ ကိုမင်းသုခက အမြင်အာရုံအားနည်းသူတစ်ဦးဖြစ်ကြောင်း ပြောကြားထားတာလည်း တွေ့ရပါတယ်။ ကိုမင်းသုခက ဒဂုံတက္ကသိုလ်မှာ သင်္ချာအထူးပြုဖြင့် ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ဦးဖြစ်ပြီး (၂၀၁၄)ခုနှစ်နဲ့ (၂၀၁၆)ခုနှစ်တွေမှာ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ် ။ ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခံလိုက်ရတဲ့ ကိုမင်းသုခရဲ့သတင်းကိုကြားပြီး ပြည်သူတွေလည်း ခံပြင်းဒေါသထွက်နေကြသလို သူ့အတွက်ဆုတောင်းပေးနေကြတာလည်း တွေ့ရပါတယ်။

Source & Photo Credit-"ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ" FB Page

Photo Credit-"ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ" FB Page
Photo Credit-"ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ" FB Page
Photo Credit-"Future The DAGON" FB Page
Photo Credit-"Future The DAGON" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T