တစ်ခါမှမတွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်ရဲ့ နွေးထွေးလွန်းတဲ့အပြုအမူကြောင့် မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရတဲ့ အဖိုးအိုရဲ့ဗီဒီယို

//s9.kh1.co/27/27001b4d45995b058a4c490408821d21d740af8c.png
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

လူတိုင်းဟာနွေးထွေးတဲ့မေတ္တာတရားနဲ့ထိုက်တန်ကြပါတယ်။ ဒီနေ့မှာလည်း သူစိမ်းတစ်ယောက်ရဲ့ နွေးထွေးတဲ့မေတ္တာကိုခံစားမိတဲ့အချိန်မှ ကြည်နူးမှုတွေဟာ အတိုင်းမသိဖြစ်ခဲ့ပြီး မျက်ရည်တွေ စီးကျလာတဲ့ အဖိုးအိုတစ်ယောက်ရဲ့ ဗီဒီယိုကို Influencer တစ်ယောက်ဖြစ်တဲ့ Brookeybaby 90 ဆိုတဲ့ Tik Tok အကောင့်တစ်ခုက ဝေမျှလာခဲ့ပါတယ်။ သူမတို့မိသားစု အပန်းဖြေနေစဉ် ခုံတန်းပေါ်မှာ တစ်ယောက်တည်းထိုင်နေတဲ့ အဖိုးအိုအတွက် သူမရဲ့ညီမဖြစ်သူဟာ ပန်းကန်နဲ့သေချာထည့်ပြီး မုန့်သွားပေးခဲ့ပါတယ်။ အဖိုးအိုဟာ မုန့်ကိုဝမ်းပန်းတသာလက်ခံခဲ့ပြီးနောက် မျက်ရည်တွေစီးကျလာပြီး ငိုနေခဲ့ပါတယ်။

Photo Credit - Daily Mail's Fb Acc
Photo Credit - Daily Mail's Fb Acc

တစ်ယောက်ယောက်က ကိုယ့်အပေါ်မှာ ဘာအကျိုးမှမမျှော်လင့်ဘဲ မေတ္တာသီးသန့်နဲ့ပေးတဲ့ လက်ဆောင်တွေဟာ တကယ်ကိုအဖိုးတန်ပြီးကြည်နူးရပါတယ်။ တစ်ယောက်တည်းအထီးကျန်နေပုံရတဲ့ ဒီအဖိုးအိုကို မုန့်လေးပေးပြီးချိန်မှာ " Happy Father's Day " ဆိုပြီး ဆုတောင်းပေးခဲ့တဲ့ သူမညီမရဲ့ စေတနာမေတ္တာလေးဟာလည်း တကယ်ကိုကြည်နူးစရာပါ။ ဒီဗီဒီယိုလေးဟာ ကြည့်ရှုသူ လေးသိန်းကျော်ခန့်ရှိခဲ့ပြီး မှတ်ချက်ပေါင်း တစ်ထောင်ကျော်လည်းရရှိခဲ့ပါတယ်။

Photo Credit - Daily Mail's Fb Acc
Photo Credit - Daily Mail's Fb Acc

ဒီဝမ်းနည်းကြည်နူးစရာအကြောင်းအရာလေးကို Daily Mail မီဒီယာကဖော်ပြခဲ့ပြီးနောက် စေတနာထားပြီး မုန့်ပေးခဲ့တဲ့အမျိုးသမီးလေးကိုလည်း ချီးကျူးစကားတွေနဲ့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။ မေတ္တာဆိုတာ တကယ်ကိုအေးချမ်းပြီး နွေးထွေးတယ်ဆိုတာ ဒီဗီဒီယိုလေးက သက်သေပြနေခဲ့ပါတယ်။ တစ်ယောက်တည်းအထီးကျန်နေတဲ့အချိန်တွေမှာ တစ်ယောက်ယောက်ကရောက်လာပေးပြီး နွေးထွေးမှုတွေပေးခဲ့တယ်ဆိုတာ ဘယ်အချိန်ပြန်တွေးတွေး ကြည်နူးစရာကောင်းနေခဲ့မှာပါ။

သတင်း အရင်းအမြစ်Daily Mail's Fb Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T