ဖျော်ဖြေရေး တီးဝိုင်းတွေနဲ့ ဆက်လက် အရှိန်ကောင်းလျက်ရှိနေတဲ့ ထိုင်းနိုင်ငံက ဆန္ဒထုတ်ဖော်မှု မြင်ကွင်းများ

//s9.kh1.co/03/03b871677bd3948006edf391b00770b0328fe585.jpeg
အနုပညာရှင်များ

 ၀၆-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

......

ယခု တတိယလှိုင်းအနေနဲ့ ပြန်လည်ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး စီစဉ် ကိုင်တွယ်ပုံ ညံ့ဖျင်းတယ်ဆိုပြီး စစ်ဗိုလ်ချုပ်ဟောင်း ဝန်ကြီးချုပ် ပရာယွတ်ကို ထိုင်းပြည်သူတွေက စတင်ဆန္ဒပြရာကနေစပြီး ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်နေခဲ့ပါတယ်။ သြဂုတ်လ(၇)ရက်နေ့က စလို့ ထိုင်းနိုင်ငံမှာနေထိုင်ကြတဲ့ ပြည်သူတွေက ဝန်ကြီးချုပ် Prayuth Chan-ochaနှုတ်ထွက်ပေးရေးအတွက် အစိုးရရုံးဆီ ချီတတ်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit : Original Uploder 
Photo Credit : Original Uploder 
Photo Credit : Original Uploder 
Photo Credit : Original Uploder 

အဆိုပါ ဆန္ဒပြပွဲကို ထိုင်းရဲတွေက အင်အားသုံးဖြိုခွင်းခဲ့သလို ထိုင်းပြည်သူ အချို့လည်း ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။ ထိုင်းကပြည်သူတွေ အနေနဲ့လည်း ဘယ်လိုပဲ အခက်အခဲတွေ အတားအဆီးတွေ ရှိနေပါစေ အားမလျော့သွားဘဲ နေ့စဉ်တိုင်းလိုလို ဘန်ကောက်မြို့ရဲ့ လူစည်ကားရာ နေရာတွေမှာ ပုံစုံမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ် ။

Photo Credit : Original Uploder 
Photo Credit : Original Uploder 
Photo Credit : Original Uploder 
Photo Credit : Original Uploder 

အခုလည်း ဘန်ကောက်မြို့ရဲ့ လမ်းမထက်မှာ ဖျော်ဖြေရေး တီးဝိုင်းတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေရဲ့ ဗီဒီယိုဖိုင်ကို တွေ့ရပါတယ် ။ ထိုင်းရဲတွေ မလာရင် မုန့်ဈေးတန်း သဖွယ် စည်းကားလျက်ရှိတယ်လို့လည်း ပြည်သူတစ်ဦးက ဆိုပါတယ်။ ပရိသတ်ကြီးအတွက် ထိုင်းက ပြည်သူတွေရဲ့ လှုပ်ရှားမှု ပုံရိပ်နဲ့ ဗီဒီယိုလေးကို ပြန်လည်ဝေမျှပေးရင်း စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို အမြန်ရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T