စစ်ဒဏ်နဲ့ ကိုဗစ်ရောဂါအခြေအနေတွေကြောင့် ဆန်ပြုတ်သောက်ရသည်အထိ အခြေအနေဆိုးနေတဲ့ ရှမ်းပြည်နယ် သီပေါမြို့က ဒေသခံများ

//s9.kh1.co/51/5120d3c05fd506096f9141fde3bf837aa446a947.jpeg
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.......

အခြေအနေတွေ မျိုးစုံ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခုလို ကာလတွေမှာ ပြည်သူ ပြည်သားတွေခမျာ အဆင်မပြေမှုတွေ ဆုံးရှုံးမှုတွေကို များစွာ ကြုံတွေ့နေကြရပါတယ် ။ တစ်ချို့နေရာတွေဆို စစ်ဘေးကိုပါ အတော်လေး ကြုံတွေ့ နေရတာကြောင့် တောတောင်တွေထဲ အထိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေ မနည်းပါဘူး။

Photo Credit : Shan News Facebook Page
Photo Credit : Shan News Facebook Page
Photo Credit : Shan News Facebook Page
Photo Credit : Shan News Facebook Page

အခုလည်း ရှမ်းပြည်နယ် သီပေါမြို့နယ် စဉ့်အင်ဘူတာ အနီးတွင်နေထိုင်ကြတဲ့ ဒေသခံအချို့ခမျာ စစ်ဒဏ်နဲ့ ကိုဗစ်ရောဂါတွေကြောင့် စီးပွားရေးတွေ အဆင်မပြေ ဖြစ်ကာ ဆန်ပြုတ် သောက်ရတဲ့ အခြေအနေတွေအထိ ဆိုးဝါးလျက်ရှိပါတယ် ။ အရင်က ရထားဘူတာရုံကိုမှီပြီး ဝင်ငွေရှာဖွေခဲ့ရာ အခု ကိုဗစ်နှင့် စစ်အာဏာသိမ်းမှုကြောင့် ရထားသွားလာမှုတွေ ရပ်ဆိုင်းသွားတာကြောင့် ဝင်ငွေမရှိဘဲ အလုပ်လက်မဲ့ဖြစ်ကာ အဆင်မပြေမှုတွေကို ကြုံတွေ့နေရတယ်လို့ သိရပါတယ် ။

Photo Credit : Shan News Facebook Page
Photo Credit : Shan News Facebook Page
Photo Credit : Shan News Facebook Page
Photo Credit : Shan News Facebook Page

ဒီလို အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ ဒေသခံတစ်ဦးကလည်း " ဒီမှာက ရထားကိုပဲ အားကိုးတာ၊ အသီးအနှံတွေကို သယ်ယူတယ်၊ ရောင်းချတယ်၊ ခုက ရထားမထွက်တော့ဘူးဆိုတော့ ဝင်ငွေမရှိတော့ဘူး၊ တချို့ဆို ဆန်ပြုတ်ပဲ သောက်နေရတယ်” လို့ဆိုကာ ရင်ဖွင့်ပြောကြားထားပါသေးတယ်  ။ ပရိသတ်ကြီးအတွက် ရှမ်းပြည်နယ် သီပေါမြို့နယ်က ဒေသခံအချို့ရဲ့ လက်ရှိ အခြေအနေတွေကို ဝေမျှပေးရင်း အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

Source & Photo Credit : Shan News Facebook Page 
Source & Photo Credit : Shan News Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T