5 Million Challenge ပွဲမှာ တစ်ခါမှမလုပ်ဖူးတဲ့ host တစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရလို့ အရမ်းစိတ်လှုပ်ရှားခဲ့ပြီး ကြောက်ခဲ့မိတယ်အကြောင်း ဖွင့်ဟလာတဲ့ မြတ်နိုးအေး

//s9.kh1.co/e9/e9c59f8e989171e4706bb7990af1c87cbcd2bff6.jpg
အနုပညာရှင်များ

 ၀၆-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

MRTV -4 သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ မြတ်နိုးအေးကတော့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးခဲ့သူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုလည်း နိုင်ငံတကာက သိမြင်အောင် Facebook, Instagram, Twitter နဲ့ Tiktok တွေကတစ်ဆင့် ရေးသားဖော်ပြပေးခဲ့ပါတယ်။ ဒီလို လုပ်ဆောင်မှုတွေကြောင့် မြတ်နိုးအေးဟာ ၅၀၅(က)ဖြင့် တရားစွဲဆိုခံရတဲ့ သူတွေထဲမှာ ပါသွားခဲ့ပါတယ်။

Photo Credit - Myat Noe Aye
Photo Credit - Myat Noe Aye
Photo Credit - Myat Noe Aye
Photo Credit - Myat Noe Aye

လက်ရှိအချိန်ထိလည်း လွတ်မြောက်နေရာကနေ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် ပြည်သူ့ကိုယ်စားပြု အစိုးရ CRPH-OFP နှင့် NUG တို့နဲ့အတူ တတ်နိုင်တဲ့ဘက်ကနေ လုပ်ဆောင်ပေးနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ဦးစီးတဲ့ “5 Million Raffle Ticket Challenge" ကမ်ပိန်းရဲ့ နောက်ဆုံးမဲဖောက်ပေးတဲ့ပွဲမှာ နိုင်ငံ့သူရဲကောင်းတွေနဲ့ အတူ ပါဝင်ခဲ့ပါတယ်။

Photo Credit - Myat Noe Aye
Photo Credit - Myat Noe Aye
Photo Credit - Myat Noe Aye
Photo Credit - Myat Noe Aye

အဆိုပါပွဲမှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်အပြင် အနုပညာရှင်မောင်နှမတွေနဲ့အတူ Raffle Ticket ရဲ့ Winner ရှင်များကို မဲဖောက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ မြတ်နိုးအေးကတော့ ဒီလိုတိုင်းပြည်အတွက် အရေးပါတဲ့အခန်းကဏ္ဍ 5 Million Challenge ပွဲမှာ တစ်ခါမှမလုပ်ဖူးတဲ့ host တစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရလို့ အရမ်းစိတ်လှုပ်ရှားခဲ့ပြီး ကြောက်ခဲ့မိတယ်အကြောင်း ဖွင့်ဟလာတာ တွေ့ရပါတယ်။ ဒီမိုကရေစီပြန်လည်ရရှိဖို့ တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်လုပ်ဆောင်ပေးနေတဲ့ သရုပ်ဆောင် မြတ်နိုးအေးကတော့ တကယ့်ကို လေးစားစရာကောင်းလှပါတယ်။

Photo Credit - Myat Noe Aye
Photo Credit - Myat Noe Aye
https://s9.kh1.co/__image/w=600,h=1019,q=100/7c/7ca04a090e2aae7b6b3a322d97ed0a92db165dd1.jpg

သတင်း အရင်းအမြစ်Source - Myat Noe Aye

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T