ပိုက်ဆံမရှိပေမယ့် အလှူမခံဘဲ သူ့လှူမယ့်အစား PDFတွေကို လှူဖို့ အမြဲပြောလေ့ရှိတဲ့ မင်းမော်ကွန်းရဲ့အကြောင်းကို ဖွင့်ဟလိုက်တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/06/06122714fc533fd7f8d504d06924c68d52310671.jpg
အနုပညာရှင်များ

 ၀၅-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ပိုက်ဆံမရှိပေမယ့် အလှူမခံဘဲ သူ့လှူမယ့်အစား PDFတွေကို လှူဖို့ အမြဲပြောလေ့ရှိတဲ့ မင်းမော်ကွန်းရဲ့အကြောင်းကို ဖွင့်ဟလိုက်တဲ့ ပြည်သူတစ်ဦး

သရုပ်ဆောင်မင်းမော်ကွန်းကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် အရာရာကို စွန့်လွှတ်ပြီး နွေဦးတော်လှန်ရေးဆင်နွှဲနေသူဖြစ်ပါတယ်။ မိသားစုနဲ့အတူ လွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီး အာဏာရှင်ကို ရောက်ရာနေရာကနေ ဆန့်ကျင်နေတဲ့ မင်းမော်ကွန်းကတော့ ပြည်သူတွေရဲ့ လေးစားခြင်းကို ခံထားရသူဖြစ်ပါတယ်။ ယခုမှာတော့ လွတ်မြောက်နယ်မြေရောက် ပြည်သူတစ်ဦးဟာ ပိုက်ဆံမရှိပေမယ့် အလှူမခံဘဲ သူ့လှူမယ့်အစား PDFလူငယ်လေးတွေကိုသာ လှူဒါန်းဖို့ အမြဲ ပြောလေ့ရှိတဲ့ မင်းမော်ကွန်းရဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါပြည်သူကတော့ မင်းမော်ကွန်းတစ်ယောက် ကျန်းမာရေးပြန်ကောင်းလာတာနဲ့အမျှ လွတ်မြောက်နယ်မြေက လူတွေကို သီချင်းတွေ ဆိုပြသလို ဖြစ်ရပ်မှန်ဟာသလေးတွေကို ပြောပြလေ့ရှိကြောင်း ဖွင့်ဟလိုက်ပါတယ်။ လူတိုင်းကို တလေးတစား ဆက်ဆံပြီး အချိန်ပေးကာ စကားပြန်ပြောတတ်သူဖြစ်သလို သူ့လုပ်ဖော်ကိုင်ဖက်တွေ၊ အနုပညာရှင်တွေဆုံးပါးသွားတိုင်းလည်း ငိုကြွေးကြေကွဲပြီး ငြိမ်နေတတ်ကြောင်း ၊ မင်းမော်ကွန်းလို အောင်မြင်နေတဲ့ လူတွေရှိပေမယ့် ကိုယ်ကျိုးကြည့်ပြီး  တော်လှန်ရေးနဲ့ မဆိုင်သလိုနေတဲ့ လူတွေအများကြီးရှိကြောင်း၊မင်းမော်ကွန်းရဲ့ လုပ်ရပ်နဲ့ စိတ်ဓာတ်ကို လေးစားမိကြောင်း အဆိုပါပြည်သူက ပြောပြလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

သူ့စရိတ်သူစားပြီး ရှိသမျှကို ပုံအောကာ တော်လှန်ရေး လုပ်နေသူတစ်ဦးဖြစ်သလို ဘယ်သူ့ဆီကမှ အလှူမခံဘဲ သူ့ကို လှူချင်လို့ ဆက်သွယ်သူတွေကို "မလိုသေးလို့ပါ" လို့သာ အမြဲ ပြန်ပြောလေ့ရှိတဲ့ မင်းမော်ကွန်းရဲ့ အကြောင်းကို ဖွင့်ဟလိုက်ပါတယ်။ မင်းမော်ကွန်းကတော့ သူ့ကို လှူဒါန်းမယ့်အစား PDFရဲဘော်လေးတွေအတွက် စား၀တ်‌နေရေး ၊ ကျန်းမာရေးနဲ့ တခြားလိုအပ်တာတွေကို လှူဒါန်းပေးဖို့ အမြဲဆော်ဩလေ့ရှိသူဖြစ်ကြောင်း၊ မလွှဲသာလွန်းမှသာ သူများအကူအညီကို ယူတတ်သူဖြစ်ကြောင်း၊ ယခုတော့ AAC ကိုရဲမင်းက အဝေးကနေ လှမ်းမေးပြီး မင်းမော်ကွန်းကို အမာခံထောက်ပံ့ပေးနေကြောင်း အဆိုပါ ပြည်သူက ​ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T