ပြန်ပေးဆွဲသမားလက်ထဲမှလွတ်မြောက်ရန် ပေ (၃၀) အမြင့်ရှိသော အဆောက်အဦးပေါ်က ခုန်ချခဲ့တဲ့ အသက် (၁၉) နှစ်အရွယ် မိန်းကလေး

//s9.kh1.co/2a/2a57c61db703f02527b1d7ead7150b888f2d9446.png
နေ့စဉ်သတင်းများ

 ၀၅-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

...

နိုင်ငံတကာမှာဖြစ်ပွားနေတဲ့ လူကိုပြန်ပေးဆွဲပြီး ရောင်းချမှူတွေဟာ ဆယ်ကျော်သက်မိန်းကလေးတွေကို အဓိကပစ်မှတ်ထားပြီးလုပ်ကြတာများပါတယ်။ ဒီနေ့မှာလည်း အသက် (၁၉) နှစ်အရွယ် Sirin N. E ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးဟာ ပြန်ပေးသမားတွေလက်ထဲက လွတ်မြောက်ဖို့အတွက် ပေ (၃၀) ကျော်မြင့်တဲ့ အဆောက်အဦးရဲ့ ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးခဲ့တဲ့မှတ်တမ်းကို The Sun မီဒီယာက ဖော်ပြခဲ့ပါတယ်။ ပြန်ပေးသမားတွေဟာ အီရန်ကလာခဲ့ကြတာဖြစ်ပြီး သူမကိုဖမ်းဆီးကာ ပြည့်တန်ဆာအဖြစ်ရောင်းချဖို့ကြံစည်ခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးပိတ်လှောင်ထားတဲ့အခန်းရဲ့ပြတင်းပေါက်ကနေ ရအောင်ထွက်ပြီး ပေ (၃၀) အမြင့်ကိုတောင် မကြောက်မရွံ့ ခုန်ချခဲ့ပါတယ်။

Photo Credit - The Sun's FB Acc
Photo Credit - The Sun's FB Acc
Photo Credit - The Sun's FB Acc
Photo Credit - The Sun's FB Acc

သူမ ခုန်ချတော့မှာကိုမြင်တွေ့ကြတဲ့ အနီးအနားက လူတွေက သူမကို မခုန်ချဖို့ဝိုင်းတားခဲ့ကြပေမယ့် ဘဝတစ်ခုလုံးပျက်စီးမှာနဲ့ယှဥ်ရင်တော့ လက်ရှိအနေအထားဟာ ရင်းဖို့တန်တယ်လို့ သူမအနေနဲ့ တွေးလိုက်ပုံပါပဲ။ သူမ ခုန်ချပြီးနောက်မှာ အနီးအနားကလူတွေက ကူညီဖို့ဝိုင်းလာကြပြီး သူမကလည်း ပြန်ပေးဆွဲခံကြောင်းပြောကာ အကူအညီတောင်းခံခဲ့ပါတယ်။ ရဲဝန်ထမ်းတွေ ရောက်ရှိလာပြီးနောက် သူမ ရခဲ့တဲ့ဒဏ်ရာတွေကို ဆေးကုသဖို့အတွက် ဆေးရုံကိုအရေးပေါ်ပို့ဆောင်ပေးခဲ့ပါတယ်။

Photo Credit - The Sun's FB Acc
Photo Credit - The Sun's FB Acc
Photo Credit - The Sun's FB Acc
Photo Credit - The Sun's FB Acc

ခုန်ချစဥ်မှာ ကွန်ကရစ်နဲ့တိုက်မိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။ ယခင်ကတည်းက ဆယ်ကျော်သက်မိန်းကလေးတွေကို အဓိကပစ်မှတ်ထားပြီး ပြန်ပေးဆွဲမှုတွေ ကျူးလွန်နေကြတာပါ။ ဒီမိန်းကလေးကတော့ ရဲရဲရင့်ရင့်နဲ့ သူမရဲ့လွတ်မြောက်လမ်းကို ရှာတွေ့သွားခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ သူမရဲ့ ကျန်းမာရေးအခြေအနေကို အတိအကျမသိရသေးဘူးလို့ The Sun က ဖော်ပြခဲ့ပါတယ်။

Photo Credit - The Sun's FB Acc
Photo Credit - The Sun's FB Acc

သတင်း အရင်းအမြစ်The Sun's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T