၁၂ နာရီအတွင်း Coivd ရောဂါကြောင့် သားနှစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ဦးရဲ့ သတိပေးစကား

//s9.kh1.co/db/db120badaf3793934f39561d6dc4d123e5f8e17a.jpg
နေ့စဉ်သတင်းများ

 ၀၅-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

Covid ရောဂါကြောင့် သားနှစ်ယောက်လုံးကို ၁၂ နာရီအတွင်း ဆုံးရှုံးလိုက်ရတဲ့ မိခင်ဟာ တခြားမိဘတွေကို သူတို့ရဲ့ကလေး‌ေတွအပေါ် ပိုမိုဂရုစိုက်သင့်ကြောင်း သတိပေး ပြောပြခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု Jacksonville မှ Lisa Brandon ဟာ သူမအနေနဲ့ သားနှစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရချိန်မှာ လုံး၀အကူအညီမဲ့သလို ခံစားခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။ သူမရဲ့သားတွေဖြစ်တဲ့ Aaron (၃၅ နှစ်) နဲ့ Free (၄၁ နှစ်) တို့ အသက်ရှိစဉ်ကာလက သူမအနေနဲ့ ကာကွယ်ဆေးထိုးဖို့ အတင်းတွန်းအားမပေးမိခဲ့တာကြောင့် နောင်တရနေခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=409,q=100/1b/1b293e047888d36364b034aad2ba31ed897776f3.jpg

July လ အကုန်လောက်က သူတို့တွေဟာ ရောဂါကူးစက်ခံရပြီး August လ အစောပိုင်းမှာ ရောဂါအခြေအနေဟာ ပိုမိုဆိုးရွားခဲ့ပါတယ်။ သူမရဲ့သားနှစ်ယောက်လုံးဟာ နေ့တစ်၀က်အတွင်းမှာပဲ အမေဖြစ်သူကို လောကထဲက နှုတ်ဆက်ထွက်ခွာသွားခဲ့ကြပါတယ်။ အမေဖြစ်သူဟာလည်း တခြားသူတွေကို ဈာပနအတွက် ကုန်ကျစရိတ်မကုန်ခင်၊ အရမ်းနောက်မကျခင်အချိန်မှာ ကာကွယ်ဆေးထိုးဖို့ ပြောဆိုခဲ့ပါတယ်။

Tragic Aaron and Free Jaggi
Tragic Aaron and Free Jaggi

" သူတို့သာ ခုလိုမဖြစ်ပဲ သေနတ်ပစ်ခံရရင်တောင် အသက်ရှင်နေနိုင်ပါသေးတယ်၊ ဒါဟာ မိဘတွေအတွက်တော့ အိမ်မက်ဆိုးကြီးပါပဲ၊ ခုလိုကျွန်မပြောနေရတာကလည်း နောက်မကျခင် ကျေးဇူးပြုပြီး ကာကွယ်ဆေးထိုးကြဖို့ပါပဲ " ဆိုပြီး ၀မ်းနည်းစွာ ပြောပြခဲ့ပါတယ်။ သားနှစ်ယောက်စလုံးဟာ အသက်ရှူစက်တွေ တပ်ထားကြရပြီး Free ကတော့ August လအစောပိုင်းမှာ ဆေးပညာအရ မေ့မြောနေခဲ့ပါတယ်။ အစ်ကိုဖြစ်သူ Free က အရင်သေဆုံးခဲ့တာဖြစ်ပြီး ညီငယ်ဖြစ်သူ Aaron ဟာလည်း အစ်ကိုဆုံးပြီး 12 နာရီအကြာမှာပဲ သေဆုံးခဲ့ပါတယ်။ Florida မှာဆိုရင် ကူးစက်မှုဟာ ၁သိန်းခွဲထိရှိပြီး သေ‌ဆုံးမှုတွေဟာ တစ်ရက်ကို ၃၀၀% လောက်မြင့်တက်လာတယ်လို့ ကြေညာထားပါတယ်။

https://s9.kh1.co/__image/w=615,h=346,q=100/01/01325cda65698240ada0def57bfd95b89f3393e9.jpg
https://s9.kh1.co/__image/w=615,h=410,q=100/fb/fb16ac8346ffbbe229ddc0039d774b29d3ab4a36.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T