ခဏဆိုပြီး နယ်ပြန်သွားတဲ့ခင်ပွန်းဖြစ်သူကို ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဝမ်းနည်းစွာစောင့်မျှော်နေခဲ့တဲ့ ဇနီးသည်

//s9.kh1.co/86/8681c705583a2f01ac8d54ab497a07d196354603.png
အနုပညာရှင်များ

 ၀၅-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

...

အခုလိုကျပ်တည်းတဲ့ကာလတွေမှာ ကိုယ်မြတ်နိုးရတဲ့သူကို အနားမှာရှိစေချင်တာ သဘာဝပါပဲ။ ဒီနေ့မှာလည်း သနားစရာအမျိုးသမီးတစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ အတူတူကြိုးစားပြီးအလုပ်လုပ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူက မြန်မာပြန်ပြန်ရောက်ချိန်မှာ နယ်ခဏပြန်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပြန်သွားခဲ့ပြီး သူမဆီကိုပြန်မရောက်လာနိုင်တော့တာမို့ ကိုယ်ဝန်အရင့်အမာကြီးနဲ့ စောင့်မျှော်နေတဲ့အကြောင်းကို ပရဟိတလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ်လုပ်တဲ့ လူရွှင်တော်မိုးစက်က လူမှုကွန်ယက်မှာ ကူညီဖော်ပြပေးခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူထွက်သွားစဥ်က သူမတို့ရဲ့ရင်သွေးလေးအ​ကြောင်းကို မသိရှိဘဲ ထွက်သွားခဲ့တာမို့ သူမကိုမြင်ရင် ပြန်လာမယ်အထင်နဲ့ အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။

Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc

ကိုယ်ဝန်လနုစဥ်ကတော့ မိဘတွေကို အဝတ်လျှော် စက်ချုပ်ပြီး ရှာဖွေကျွေးမွေးခဲ့ပေမယ့် လက်ရှိကိုယ်ဝန်ဟာ (၈) လ ထဲကိုရောက်လာခဲ့ပြီမို့ အရင်လို အလုပ်တွေလုပ်ဖို့အဆင်မပြေနိုင်တော့တာ​ကြောင့် မိုးစက်ဆီမှာ အကူအညီတောင်းခံလာခဲ့တာပဲ ဖြစ်ပါတယ်။ မိုးစက်ကလည်း လတ်တလောအဆင်ပြေစေဖို့ ဆန်တစ်အိတ်နဲ့ ငွေသုံးသောင်းကျပ်ကို လှုဒါန်းပေးခဲ့ပါတယ်။ မီးဖွားဖို့အတွက်ကိုလည်း တာဝန်ယူမယ့်အကြောင်း အသိပေးခဲ့ပါသေးတယ်။

Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc

အမျိုးသမီးလေးရဲ့ခင်ပွန်းဖြစ်သူလည်း ကိုယ့်ဇနီးအခုလိုအဆင်မပြေတာမြင်ရရင် အမြန်ဆုံးဆက်သွယ်ဖို့ နှုတ်၏ဆောင်မမှုနဲ့ အကူညီပေးခဲ့ပါသေးတယ်။ ဒုက္ခရောက်နေတဲ့ဘဝတွေကို လက်လှမ်းမီသလောက်ကူညီပေးတဲ့ မိုးစက်ကလည်း သူ့ရဲ့စေတနာအတိုင်း အမျိုးသမီးလေးကို ကူညီပေးခဲ့ပြန်ပါပြီ။ သနားစရာဘဝတွေအမြန်ဆုံးအဆင်ပြေပြီး ဆင်းရဲဒုက္ခတွေကနေ အားလုံးလွတ်ငြိမ်းပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc

သတင်း အရင်းအမြစ်Moe Sat's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T