တောရိုင်းတိရိစ္ဆာန်များစွာရှိတဲ့ တောအုပ်အတွင်း (၃)ရက်ကြာ လမ်းပျောက်နေတဲ့ အင်္ဂလန်နိုင်ငံသားကို ထိုင်းကယ်ဆယ်ရေးသမားများက အန္တရယ်ကင်းစွာ ကယ်ထုတ်လာခဲ့တဲ့ ရုပ်သံ

//s9.kh1.co/67/673c5a0de4c8d98e662f178aeebdfd50f66509e7.jpg
နေ့စဉ်သတင်းများ

 ၀၅-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ထိုင်းနိုင်ငံမှာ Retired Visa ဖြင့်နေထိုင်နေတဲ့ အသက် (၇၉) နှစ်အရွယ် အင်္ဂလန်နိုင်ငံသား Weller ဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Khon Kaen တောအုပ်အတွင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ(၃၀)ရက်နေ့က သူငယ်ချင်းများနှင့် အလည်အပတ်သွားရာကနေ လူစုကွဲပြီး လမ်းပျောက်သွားခဲ့တာဖြစ်ပါတယ်။ Weller ကတော့ အဆိုပါတောအုပ်အတွင်းကနေ ပြန်မထွက်နိုင်တော့ဘဲ (၃)ရက်လောက်အထိ လမ်းပျောက်နေခဲ့ရပါတယ်။

Photo Credit - Bangkok Post
Photo Credit - Bangkok Post
Photo Credit - Bangkok Post
Photo Credit - Bangkok Post

ယင်းနောက် တောအုပ်အတွင်း တစ်ယောက်တည်း လမ်းလျှောက်နေတဲ့ Weller ကို ဒေသခံမုဆိုးတစ်ဦးက တွေ့ရှိခဲ့ကာ ကယ်ဆယ်ရေးသမားတွေနဲ့ ဆက်သွယ်ပြီး အန္တရာယ်ကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တောအုပ်အတွင်း လမ်းပျောက်သွားခဲ့တဲ့ အသက် (၇၉) နှစ်အရွယ် အင်္ဂလန်နိုင်ငံသား Weller ဟာ ထိုင်းနိုင်ငံမှာ နေထိုင်တာဟာဆိုရင် (၁၄)နှစ်ရှိခဲ့ပြီလို့သိရပါတယ်။

Photo Credit - Bangkok Post
Photo Credit - Bangkok Post
Photo Credit - Bangkok Post
Photo Credit - Bangkok Post

Bangkok Post သတင်းဌာနကတော့ အင်္ဂလန်နိုင်ငံသား Weller ကို တောအုပ်အတွင်းက ကယ်ထုတ်လာခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြလာခဲ့ပါတယ်။ တောအုပ်အတွင်း အန္တရယ်တွေကြားကနေ Weller ကို ကယ်ထုတ်လာပြီး သူ့ရဲ့မိသားစုဝင်တွေနဲ့ ပြန်လည်တွေ့ဆုံးရတဲ့အခါ ဝမ်းသာမျက်ရေများလည်းကျခဲ့သလို ကယ်ဆယ်သမားတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ တောရိုင်း တိရိစ္ဆာန်များစွာရှိတဲ့ တောအုပ်အတွင်းကနေ အန္တရယ်ကင်းစွာ လွတ်မြောက်လာခဲ့တဲ့ အင်္ဂလန်နိုင်ငံသား Weller ရဲ့ ရုပ်သံဖိုင်ကို ပရိသတ်တွေလည်း ကြည့်ရှုလို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Bangkok Post

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T