ဘတ်(၆)သန်းဆုတစ်စောင် ကံထူးခဲ့ပြီး ရလာတဲ့ ဆုကြေးငွေထဲက အချို့ကို နွေဦးတော်လှန်ရေးအတွက်လှူဒါန်းပေးခဲ့တဲ့ ကံထူးရှင်ဇနီးမောင်နှံနှစ်ဦး

//s9.kh1.co/0b/0b11df03a99bb30d629e067250073fe6748368c9.jpg
နေ့စဉ်သတင်းများ

 ၀၅-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဘတ်(၆)သန်းဆုတစ်စောင် ကံထူးခဲ့ပြီး ရလာတဲ့ ဆုကြေးငွေထဲက အချို့ကို နွေဦးတော်လှန်ရေးအတွက်လှူဒါန်းပေးခဲ့တဲ့ ကံထူးရှင်ဇနီးမောင်နှံနှစ်ဦး

စီးပွားရေးအဆင်မပြေမှုတွေ၊ စားဝတ်နေရေးခက်ခဲမှုတွေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ များစွာရှိနေပါတယ်။ အလုပ်သွားရောက်လုပ်ကိုင်ရင်း ထိုင်းထီ ကံစမ်းပြီး ကံထူးသွားတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းရောက်ကရင်ဇနီးမောင်နှံ နှစ်ယောက်ဟာ ထိုင်းထီအမြင့်ဆုံးဆုဖြစ်တဲ့ ဘတ်(၆)သန်း နှစ်စောင်တွဲ ကံထူးခဲ့သလို ယခုမှာလည်း မြန်မာအလုပ်သမားလင်မယားနှစ်ယောက်ဟာ ဘတ်(၆)သန်းဆု တစ်စောင် ကံထူးသွားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် သကွန်ပါနယ်မြေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားဇနီးမောင်နှံနှစ်ဦးက ယခုလို ထိုင်းထီ ပထမဆုကြီးဖြစ်တဲ့ ဘတ် (6) သန်းဆု တစ်စောင် ကံထူးသွားခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ကံထူးရှင်လင်မယားနှစ်ဦးက AAC မဟာမိတ်အဖွဲ့ထံ ထီဆုငွေထုတ်ပေးဖို့ အကူအညီတောင်းခံခဲ့တာကြောင့် AACမဟာမိတ်အဖွဲ့က ဆုငွေများကို သွားရောက်ထုတ်ယူပေးခဲ့​​ပါတယ်။ အဆိုပါကံထူးရှင်လင်မယားနှစ်ဦးက ရရှိလာတဲ့ ဆုကြေးငွေထဲက အချို့ကို နွေဦးတော်လှန်ရေးအတွက် လှူဒါန်းပေးခဲ့ကြောင်း ​သိရှိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ အဆိုပါဇနီးမောင်နှံဟာ ထိုင်းဘတ်(၆)သန်းဆု တစ်စောင်ပေါက်ခဲ့ပြီး ရရှိလာတဲ့ ဆုကြေးငွေတွေကြောင့် အလုပ်ကြမ်းသမားဘဝကနေ လွတ်မြောက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ မြန်မာအလုပ်သမားလင်မယားနှစ်ဦးက ယခုလိုကံထူးပြီး ဘတ်(၆)သန်းရရှိသွားလို့ ပြည်သူတွေက ဝမ်းသာဂုဏ်ယူနေကြပါတယ်။ ထိုင်းထီပထမဆုကြီးဖြစ်တဲ့ ဘတ်(၆)သန်းဆု တစ်စောင်ကံထူးခဲ့လို့ ဆုကြေးငွေ သွားရောက်ထုတ်ယူနေတဲ့ ကံထူးရှင်ဇနီးမောင်နှံ နှစ်ဦးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T