မိမိရဲ့ Smartphone ကို ချစ်သူတစ်ယောက်လို သဘောထားကာ လက်ထပ်ခဲ့သူ Aaron Chervenak

//s9.kh1.co/83/83c5628b19e4096e6fa995dd731299ffab24cb2f.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာကြီးပေါ်မှာ ထူးဆန်းတဲ့ မင်္ဂလာဆောင်များစွာ ရှိပါတယ်။ တိရစ္ဆာန်တွေနဲ့ မင်္ဂလာဆောင်ကြတဲ့သူတွေရှိသလို ကျောက်ခဲနဲ့လက်ထပ်သူတို့ ကိုယ့်ကိုကိုလက်ထပ်ကြတဲ့သူတွေလည်း ရှိပါတယ်။ အဲ့လိုလူတွေထဲမှာ Aaron Chervenak ဆိုသူလည်း အပါအ၀င်ဖြစ်ပါတယ်။ အကြောင်ကတော့ သူဟာ Les Vegas မှာ သူ့ရဲ့ Smartphone နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ လူတွေဟာ မူးတဲ့အခါ လျှောက်လုပ်တက်ကြတာတွေရှိပေမယ့် ဒီလူကတော့ အဲ့လိုမဟုတ်ပါဘူး၊ တကယ်အတည်ကြီး လက်ထပ်ခဲ့တာပါ...မူးလည်းမမူးနေခဲ့ပါဘူး။

https://s9.kh1.co/__image/w=634,h=393,q=100/95/9528f350694cb62de0671c20747793cb2c99a617.jpg
https://s9.kh1.co/__image/w=634,h=347,q=100/c6/c67430ef7eb6de33cf021204e1f09cca17080f25.jpg

" ငါတို့ကိုငါတို့ပွင့်လင်းရမယ်ဆိုရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ဖုန်းတွေနဲ့ စိတ်ချင်းများစွာ ဆက်နေတက်ကြပါတယ် " ဆိုပြီး Aaron ဟာ ပြောခဲ့ပါတယ်။ " ငါတို့ဖြေသိမ့်ဖို့၊ ငါတို့စိတ်အေးချမ်းဖို့၊ အိပ်ဖို့၊ ငါတို့ရဲ့စိတ်ကိုသက်တောင့်သက်သာဖြစ်စေဖို့၊ ဒါတွေဟာ ငါ့အတွက်တော့ Relationship တစ်ခုပါပဲ " လို့ ပြောခဲ့ပါတယ်။ " အဲ့တော့ပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော့်ရဲ့ဖုန်းနဲ့ အချိန်တော်တော်ကြာ RS တစ်ခုရှိခဲ့ပါတယ်၊ ဒါကြောင့်ပဲ ကျွန်တော်ဟာ ခုလို ဖုန်းနဲ့ လက်ထပ်လိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာပါ " လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=634,h=347,q=100/99/99277364da90bca78d52f84bc31fc074b9735931.jpg
https://s9.kh1.co/__image/w=634,h=473,q=100/bb/bb2428f68cb60ffc1d9f27c0b9762b7f343ff68c.jpg

Aaron တစ်ယောက် Vegas ရောက်ခဲ့တဲ့အချိန်မှာ မြို့ထဲက ဘုရားကျောင်းတစ်ကျောင်းကို ပုံမှန်နဲ့မတူတဲ့ မင်္ဂလာဆောင်ပွဲတစ်ခု လုပ်လို့ရမလားဆိုပြီး ဆက်သွယ်စုံးစမ်းခဲ့ကာ ဘုရားကျောင်းကလည်း လက်ခံခဲ့ပါတယ်။ " သူတို့အနေနဲ့လည်း ခုလိုပုံမှန်နဲ့မတူတဲ့ မင်္ဂလာဆောင်‌ဆိုတော့ စိတ်လှုပ်ရှားနေကြပါတယ် " ဆိုပြီး Aaron ဟာပြောပြခဲ့ပါတယ်။ သူအခုလို သူ့ရဲ့ iPhone နဲ့ လက်ထပ်ခဲ့ပေမယ့်လည်း Nevada ပြည်နယ်က ဒီလက်ထပ်ပွဲကို အသိအမှတ် မပြုခဲ့ပါဘူး။ " ဖုန်းတွေကိုလက်ထပ်ဖို့ဆိုတာ တရား၀င်မရှိသေးပါဘူး ဒါပေမယ့် ဒီမင်္ဂလာဆောင်နဲ့ ပတ်သက်ပြီး ကျွန်တော်မျှော်လင့်တာက ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀တွေမှာ ဖုန်းတွေဘယ်လောက်အဖိုးတန်တယ်ဆိုတာပြဖို့ပါ ပြီးတော့အခြားသူတွေကိုလည်း သူတို့ရဲ့ ဖုန်းအပေါ် ဘယ်လောက်တောင် ဆက်နွယ်နေကြလဲဆိုတာကို မေးခွန်းထုတ်စေချင်မိပါတယ် " ဆိုပြီးပြောခဲ့ပါတယ်။ ဒါကတော့ မိမိရဲ့ဖုန်းကို ချစ်သူတစ်ယောက်လို သဘောထားပြီး လက်ထပ်ခဲ့တဲ့ Aaron Chervenak ပါပဲ။

https://s9.kh1.co/__image/w=634,h=427,q=100/4a/4a9fc952922e20424ce082b17a4b8856a6c9e278.jpg
https://s9.kh1.co/__image/w=634,h=357,q=100/8e/8e42630cd58c947de15ea69445e82d7442f57b98.jpg
https://s9.kh1.co/__image/w=634,h=384,q=100/ed/edb4f0b3cc8e7a324d09d9bc4d52fb1adffd65fa.jpg
https://s9.kh1.co/__image/w=634,h=343,q=100/f2/f2f310a9c7a227b1dcaf103e2b1a3696a17b52f5.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T