ပူးပေါင်းလာတဲ့ CDMရဲဘော်နှစ်ဦးကို နွေးထွေးစွာကြိုဆိုခဲ့တာကြောင့် သူငယ်ချင်းလို ခင်မင်နေကြကြောင်း ဖွင့်ဟလိုက်တဲ့ CDFတပ်ဖွဲ့ဝင်တစ်ဦး

//s9.kh1.co/b2/b2a95ca439044f982ff8a7dd3f33fcee8cf5e25b.jpg
နေ့စဉ်သတင်းများ

 ၀၅-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ပူးပေါင်းလာတဲ့ CDMရဲဘော်နှစ်ဦးကို နွေးထွေးစွာကြိုဆိုခဲ့တာကြောင့် သူငယ်ချင်းလို ခင်မင်နေကြကြောင်း ဖွင့်ဟလိုက်တဲ့ CDFတပ်ဖွဲ့ဝင်တစ်ဦး

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDMလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေများစွာရှိနေပြီး တိုင်းရင်းသားတပ်ဖွဲ့တွေဟာလည်း CDMပြုလုပ်လာတဲ့ ရဲဘော်တွေကို နွေးထွေးစွာကြိုဆိုနေကြပါတယ်။ ယခုမှာတော့ ရဲတပ်သားနှစ်ဦးဟာ အာဏာရှင်ဆန့်ကျင်တဲ့ CDMလှုပ်ရှားမှုမှာ ပါဝင်လာပြီး ပြည်သူတွေဘက်ကနေ ရပ်တည်ခဲ့ကာ CDFတပ်ဖွဲ့တစ်ဖွဲ့ထံ သွားရောက်ခိုလှုံခဲ့ကြောင်း သိရှိရပါတယ်။ ယခုလို အမြင်မှန်ရပြီး အမှန်တရားဘက်ကနေ ရပ်တည်လာတဲ့ ရဲဘော်နှစ်ဦးကို ပြည်သူတွေက လေးစားချီးကျူးနေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

CDFတပ်ဖွဲ့ဝင်များကတော့  CDMလှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ရဲဘော်နှစ်ဦးကို နွေးထွေးစွာ ကြိုဆိုပေးတဲ့အပြင် နေစရာ၊စားစရာတွေပါ ပေးထားခဲ့ပါတယ်။ CDFတပ်ဖွဲ့ဝင်တစ်ဦးကတော့  ပူးပေါင်းလာတဲ့ CDMရဲဘော်နှစ်ဦးနဲ့ ချစ်ချစ်ခင်ခင်ရှိနေကြတဲ့ အကြောင်းကို ပြောပြလာခဲ့ပါတယ်။ အဆိုပါ CDFတပ်ဖွဲ့ဝင်တစ်ဦးကတော့ အယူအဆတွေ၊ ခံယူချက်တွေကြောင့် တစ်ချိန်က တစ်ယောက်နဲ့တစ်ယောက် တိုက်ခဲ့ကြကြောင်း၊ ယခုလို အမြင်မှန်ရပြီး ပူးပေါင်းလာတဲ့အတွက် ဝမ်းသာဂုဏ်ယူမိသလို လေးစားမိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါCDFတပ်ဖွဲ့ဝင်တစ်ဦးကတော့ ယခုတော့ ပြည်သူ့ဘက်ရပ်တည်လာတဲ့ ရဲဘော်နှစ်ယောက်နဲ့ သေဖော်သေဖက်၊ စားဖော်စားဖက်၊သောက်ဖော်သောက်ဖက် ဖြစ်နေကြပြီဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် လက်နက်ကိုင်ခဲ့ရင် ပြည်သူလူထုဘက်က ရပ်တည်ဖို့၊ ပြည်သူ လူထုကို ကာကွယ်ဖို့ ပြောဆိုရင်း ပြည်သူ့ဘက်က ပါဝင်လာမယ့် ရဲဘော်တွေအားလုံးကို ကြိုဆိုကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားပါတယ်။ ပြည်သူ့ဘက် ရပ်တည်လာတဲ့ ရဲဘော်နှစ်ယောက်နဲ့ ချစ်ချစ်ခင်ခင်ရှိနေတဲ့ CDFတပ်ဖွဲ့ဝင်တစ်ဦး ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T