ဘရိတ်ပေါက်ပြီး လမ်းဘေးထိုးကျသွားရာကနေ ကားတစ်စီးလုံး ရစရာမရှိအောင်ပျက်စီးသွားခဲ့တဲ့ မြဝတီ - ကော့ကရိတ် အာရှလမ်းပေါ်က ဆိုးဝါးတဲ့ ယာဥ်တိမ်းမှောက်မှု

//s9.kh1.co/12/12a4a1091952fea2c4cc0e2864c902d4ac64e3bd.jpg
နေ့စဉ်သတင်းများ

 ၀၅-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ယခုနှစ်အတွင်း မြို့နယ်တချို့တွေမှာ ယာဥ်မတော်ဆမှုတွေ မကြာခဏဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှုတွေလည်း ရှိလာခဲ့ပါတယ်။ ယမန်နေ့ စတင်ဘာလ (၄) ရက်နေ့ကဆိုရင် ကရင်ပြည်နယ်၊ မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးပေါ် နတ်စင်ကွေ့မှာ ယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ကြားသိရပါတယ်။ ယင်းဖြစ်စဥ်မှာလည်း မြဝတီဘက်ကနေ မောင်းလာတဲ့ ကုန်တင်မှန်လုံယာဉ်ငယ်တစ်စီးဟာ အဆိုပါနေရာအရောက်တွင် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

PhotoCredit - Tachileik New
PhotoCredit - Tachileik New
PhotoCredit - Tachileik New
PhotoCredit - Tachileik New

အဆိုပါ ကုန်တင်မှန်လုံယာဉ်ငယ်တစ်စီးကတော့ အပေါ်ကနေ ထိုးကျသွားခဲ့တဲ့ အရှိန်ကြောင့် ကားတစ်စီးလုံးလည်း ရစရာမရှိအောင် ပျက်စီးသွားတာ တွေ့ရပါတယ်။ ပုံထဲမှာ မြင်တွေ့ရတာကတော့ မှန်လုံယာဥ်ငယ်ဟာ ထိုင်းနိုင်ငံကနေ တင်သွင်းလာတဲ့ စားသောက်ကုန်တွေကို တင်ဆောင်လာတာ ဖြစ်ပါတယ်။ ယာဥ်မောင်းတစ်ဦးကတော့ လမ်းဘေးထိုးကျတဲ့ အရှိန်ကြောင့် အသက်အန္တရယ် မစိုးရိမ်ရပေမယ့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။

PhotoCredit - Tachileik New
PhotoCredit - Tachileik New
PhotoCredit - Tachileik New
PhotoCredit - Tachileik New

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ယာဥ်မောင်းကိုတော့ ကယ်ဆယ်ရေးသမားတွေက ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်အတွင်း မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးပေါ်က နတ်စင်ကွေ့အနီးမှာ မကြာခဏဆိုသလို ဒီလိုမတော်မဆ ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားလာခဲ့ပါတယ်။ ပရိသတ်တွေလည်း မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးပေါ်က နတ်စင်ကွေ့အနီးကို ခရီးသွားလာခြင်းဖြင့်ရောက်ရှိခဲ့ရင်လည်း ပိုပြီးသတိထားစေဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Tachileik New

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T