ဆိုင်ကယ်လုပြီး ဓားနဲ့ပါထိုးသွားတဲ့ လူတစ်စုကြောင့် အသက်အန္တရာယ်နဲ့ ကြုံတွေ့ရပြီး ဓားဒဏ်ရာတွေရရှိခဲ့တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/18/18f3b4f7b2536b9a2fdfa3788119eb13d01fe195.jpeg
နေ့စဉ်သတင်းများ

 ၀၄-စက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

မြန်မာနိုင်ငံအတွင်း လက်ရှိအချိန်တွေမှာ ဆူပူသောင်းကျန်းမှုတွေအပြင် ပေါ်ပေါ်ထင်ထင်ကို ခိုးဆိုးလုယက်မှုတွေနဲ့ လူသတ်မှုတွေကိုပါ ကျူးလွန်နေကြတာ တော်တော်များများတွေ့မြင်ရပါတယ်..။ 

ဘဏ်ဓားပြတိုက်မှုတွေလည်း မကြာခဏဖြစ်ပွားနေပြီး လုယက်မှုတွေမှာဆိုရင်တော့ အသက်အန္တရာယ်တွေကိုပါ ထိခိုက်လာတဲ့အထိ ဖြစ်ပွားနေတာကြောင့် ပြည်သူတွေမှာ စိတ်မလုံခြုံမှုနဲ့ စိုးရိမ်နေကြရတာ ဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

ဒီကနေ့မှာလည်း ဆိုင်ကယ်လုတဲ့အပြင် ဓားနဲ့ပါထိုးသွားတဲ့ လူတစ်စုကြောင့် ပြည်သူတစ်ဦး အသက်အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရပြန်ပါတယ်။  ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပြည်လမ်းမကြီးမှာ မသမာသူလူတစ်စုဟာ ဆိုင်ကယ်လုပြီး ဓားနဲ့ထိုးကာထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ဆိုင်ကယ်အလုခံရပြီး ဓားနဲ့ပါအထိုးခံရတဲ့ အမျိုးသားကတော့ ဓားဒဏ်ရာရရှိခဲ့ပြီး ပုလဲအရန်မီးသတ်စခန်း အဖွဲ့ဝင်တွေက ​မေဓါဝီဆေးရုံသို့ အချိန်မှီပို့ပေးခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ လုယက်မှုနဲ့ ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်စရာအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကတော့ စိတ်မကောင်းဖြစ်သလို ခံပြင်းဒေါသထွက်နေကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T