အကြီးမားဆုံးမက်မောစရာတစ်ခုကြောင့် အာဏာရှင်ကိုတိုက်ထုတ်နေရကြောင်း ပြောပြလာတဲ့ PDF တပ်သားတစ်ဦး

//s9.kh1.co/fb/fba5f26ccc1a31863b0df9ed2f21996e44cc3ffc.png
နေ့စဉ်သတင်းများ

 ၀၄-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

D Day လို့ လူအများကြားရေပန်းစားနေတဲ့ နေ့စွဲပေါင်းများစွာကြားမှာ PDF တွေလည်း အတော်လေးကို ဗျာများရပါတယ်။ နေ့ရက်အတိအကျခေါ်ပြီး မျက်နှာချင်းဆိုင်တိုက်ပွဲဝင်ဖို့ မဖြစ်နိုင်တဲ့အနေအထားမှာ D Day ဆိုတာ နီးရက်နဲ့ဝေးနေဆဲပါပဲ။ လတ်တလောမှာတော့ ပြောက်ကျားစနစ်နဲ့သာ တိုက်နေရပြီး ရတဲ့နည်းနဲ့တော်လှန်နေခဲ့ကြပါတယ်။ ဒီလိုတိုက်ထုတ်တဲ့ နေရာမှာလည်း မိမိတို့ရဲ့အသက်ကို ပဓာန မထားတော့ဘဲ အာဏာရှင်နဲ့ သူ့ရဲ့နောက်လိုက်တွေ မျိုးပြတ်သွားဖို့ကိုပဲ ရည်ရွယ်ပြီး တိုက်ထုတ်နေကြ တယ်လို့ PDF လူငယ်တစ်ယောက်က ပြောခဲ့ပါတယ်။

Photo Credit - Chit Zaw Zaw's FB Acc
Photo Credit - Chit Zaw Zaw's FB Acc

နောက်လာမယ့်မျိုးဆက်တွေအထိကို အာဏာရှင်ရဲ့အရိပ်အငွေ့တွေမခံစားစေချင်တာမို့ အရိုးကြေကြေ အရည်ခမ်းခမ်း အဆုံးထိတိုက်ထုတ်သွားမယ့်အကြောင်းကို ကတိပေးခဲ့ပါသေးတယ်။ ရွှေ၊ငွေ၊ ရာထူး၊ အာဏာ၊ စည်းစိမ်ဥစ္စာတွေထက် အမက်မောဆုံးကတော့ လက်ရှိအရေးတော်ပုံမှာပဲ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး အဆုံးသတ်ရေးသာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ လုပ်ခဲ့တဲ့လုပ်ရပ်တိုင်းကို တစ်ချိန်မှာ သမိုင်းကသက်သေခံပေးမယ့်အကြောင်း ရင်ဖွင့်လာခဲ့ပါတယ်။

Photo Credit - Chit Zaw Zaw's FB Acc
Photo Credit - Chit Zaw Zaw's FB Acc
Photo Credit - Chit Zaw Zaw's FB Acc
Photo Credit - Chit Zaw Zaw's FB Acc

အာဏာရှင်တွေရှိနေသမျှကာလပတ်လုံးဟာ သူတို့အတွက် D Day ဖြစ်ပြီး အာဏာရှင်စနစ် သက်ဆိုးရှည် နေသမျှတော့ သူတို့ဟာ တော်လှန်ရေးသမားတွေဖြစ်နေဦးမယ့်အကြောင်း အသိပေးလာခဲ့ပါတယ်။ အရာအားလုံးကိုစတေးပြီး ဒုက္ခခံနေရတဲ့ အခြေအနေမှာ ဒီထက်ပိုပြီး ဒုက္ခများစရာမရှိတော့တာမို့ အာဏာရှင်ကိုသာ အဆုံးထိတော်လှန်ကြဖို့ အားခဲထားကြတာပါ။ PDF တွေအားလုံးဘေးကင်းပြီး တရားသောစစ်ပွဲတိုင်းအောင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

Photo Credit - Chit Zaw Zaw's FB Acc
Photo Credit - Chit Zaw Zaw's FB Acc

သတင်း အရင်းအမြစ်Chit Zaw Zaw's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T