ညဦးပိုင်းအချိန်မှာ အဝတ်ဗလာနဲ့ ဗိုလ်တထောင်ကမ်းနားမှာ မျောလာတဲ့ အလောင်းတစ်ခုကြောင့် လူအများ အထိတ်အလန့်ဖြစ်ခဲ့ကြ

//s9.kh1.co/67/6700ef3f212c2fc1833dcba8224b3414ff6a5ef9.png
နေ့စဉ်သတင်းများ

 ၀၄-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ စက်တင်ဘာလ (၃) ရက်နေ့ ညဦးပိုင်းအချိန်တွင် ဗိုလ်တထောင်ကမ်းမှာ အဝတ်ဗလာနဲ့ အမျိုးသားအလောင်းတစ်ခု မြစ်ရေအတိုင်းမျောလာခဲ့ပါတယ်။ မြင်တွေ့ရသူတွေကတော့ အထိတ်တလန့် ဖြစ်ခဲ့ကြပြီး သက်ဆိုင်ရာကိုအကြောင်းကြားကာ အလောင်းကိုဆယ်ယူခဲ့ကြပြီး ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ် မဟုတ် ရင်ခွဲစစ်ဆေးမယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာ ဥပဒေမဲ့လုပ်ရပ်တွေများပြားနေခဲ့ပြီး မကြာခဏဆိုသလို သေဆုံးသူတွေလည်း များလာခဲ့ပါတယ်။

Photo Credit - Mingalar Taung Nyunt Informations's FB Acc
Photo Credit - Mingalar Taung Nyunt Informations's FB Acc

စစ်ဘေးနဲ့ ကပ်ရောဂါဘေးအပြင် ခိုးဆိုးလုနှိုက် မသမာသူတွေရဲ့ အန္တရာယ်ကလည်း အတော်လေး ဆိုးဝါးလာခဲ့ပါတယ်။ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးကျပ်တည်းချိန်မှာ အခုလိုပြဿနာတွေဟာ ပိုပြီးများလာခဲ့မှာပါ။ အဖက်ဖက်က ယိုယွင်းနေတဲ့ တိုင်းပြည်ဟာ လတ်တလောမှာတော့ ဒုစရိုက်မှုတွေ များပြားလာခဲ့ပြီး ပြည်သူလူထုတွေဟာလည်း မိမိတို့ရဲ့ အန္တရာယ်ကို ကိုယ်တိုင်ပဲကာကွယ်ရမှာမို့ စိတ်ဖြောင့်ဖြောင့်အိပ်ဖို့တောင် အတော်လေးကို ကြိုးစားနေခဲ့ရပါတယ်။

Photo Credit - Mingalar Taung Nyunt Informations's FB Acc
Photo Credit - Mingalar Taung Nyunt Informations's FB Acc

လက်ရှိမြစ်အတိုင်းမျောပါလာတဲ့ အမျိုးသားအလောင်းဟာလည်း ဘယ်လိုအကြောင်းအရာကြောင့်ဆို အတိအကျမသိရသေးပါဘူး။ အဝတ်ဗလာနဲ့မျောပါလာတဲ့ အမည်မသိ အမျိုးသားအလောင်းကြောင့် အနီးအနားရှိသူအားလုံး အထိတ်ထလန့်ဖြစ်ခဲ့ကြရပါတယ်။ ဘယ်လိုအကြောင်းအရာနဲ့သေဆုံးပြီး အခုလိုအဖြစ်ဆိုးခဲ့ရတယ်ဆိုတာကို မကြာခင်မှာ သက်ဆိုင်ရာကထုတ်ပြန်ပေးဖို့ မျှော်လင့်ပါတယ်။

Photo Credit - Mingalar Taung Nyunt Informations's FB Acc
Photo Credit - Mingalar Taung Nyunt Informations's FB Acc

သတင်း အရင်းအမြစ်Mingalar Taung Nyunt Informations's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T