လွတ်မြောက်နယ်မြေရောက်ရှိနေပြီး တော်လှန်ရေးအတွက် အစွမ်းကုန်ကြိုးစားပါဝင်နေတဲ့ အဆိုတော်မူးလာ

//s9.kh1.co/d8/d81bb1a5d55e329c96eaaa34f308831051c32c0e.jpeg
အနုပညာရှင်များ

 ၀၄-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အနုပညာလောကထဲ ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ အဆိုတော်မူးလာကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာ ဖြစ်ပါတယ်..။ အရေးတော်ပုံကြီး စတင်ခဲ့တဲ့ ဖေဖော်ဝါရီလအစပိုင်းကတည်းက လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သလို အခုအချိန်မှာလည်း လက်နက်ကိုင်ရင်း ပြည်သူတွေအတွက် ကြိုးစားနေတာ ဖြစ်ပါတယ်..။

Photo Credit - Saw Chris Mooler-မူးလာ Fb Acc
Photo Credit - Saw Chris Mooler-မူးလာ Fb Acc

မူးလာကတော့ လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ အချိန်မှာလည်း သီချင်းတွေရေးကာ သူ့ရဲ့အနုပညာအလုပ်တွေနဲ့ ပြည်သူတွေကို စိတ်ခွန်အားပေးတာတွေလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကျရာတာဝန်ကနေ အစွမ်းကုန်ကြိုးပါဝင်နေတဲ့ မူးလာဟာ ဒီနေ့မှာလည်း ရဲဘော်တွေအတွက် တောထဲအသုံးပြုတဲ့ ပုခက်တွေ လှူဒါန်းခဲ့ပြန်တာ တွေ့ရပါတယ်။ တော်လှန်ရေးအတွက် လိုအပ်သည့်နေရာများကို ကူညီဖို့လှူဒါန်းထားတဲ့ ပြည်သူတွေရဲ့ အလှူငွေများထဲမှ ပုခက်အလုံး(၁၀၀) ကို လှူဒါန်းလိုက်တာ ဖြစ်ပါတယ်။ 

Photo Credit - Saw Chris Mooler-မူးလာ Fb Acc
Photo Credit - Saw Chris Mooler-မူးလာ Fb Acc
Photo Credit - Saw Chris Mooler-မူးလာ Fb Acc
Photo Credit - Saw Chris Mooler-မူးလာ Fb Acc

အလှူအကြောင်းဝေမျှပြောပြရင်း အရေးတော်ပုံကြီး အောင်မြင်ဖို့ အားလုံးအတူ ပါဝင်ရင်း လှူဒါန်းမှုတွေကိုလည်း ဆက်လက်ပြုလုပ်ကြဖို့ မူးလာက တိုက်တွန်းထားပါသေးတယ်..။ ပြည်သူတွေကတော့ ကိုယ်ကျိုးစွန့်ကာ အားလုံးအတွက် အနစ်နာခံကြိုးစားတိုက်ပွဲဝင်ပေးနေကြတဲ့ အနုပညာရှင်တွေနဲ့ တော်လှန်ရေးရဲဘော်တွေအားလုံးအတွက် ဘေးကင်းကြစေဖို့ ဆုတောင်းအားပေးနေကြတာ ဖြစ်ပါတယ်..။

Photo Credit - Saw Chris Mooler-မူးလာ Fb Acc
Photo Credit - Saw Chris Mooler-မူးလာ Fb Acc

သတင်း အရင်းအမြစ်Saw Chris Mooler-မူးလာ Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T