တာလီဘန်တွေရဲ့ထိန်းချုပ်မှုအောက်မှာ သတ္တိရှိရှိနဲ့ လမ်းမပေါ်ထွက်ပြီး အခွင့်အရေးတွေကို ဆန္ဒပြ တောင်းဆိုနေကြတဲ့ အာဖကန်အမျိုးသမီးတွေရဲ့ဗီဒီယို

//s9.kh1.co/46/4670c9649a15a020f16df51a7a1358f5c5eb83e4.jpeg
နေ့စဉ်သတင်းများ

 ၀၄-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

တာလီဘန်တွေရဲ့ထိန်းချုပ်မှုအောက်မှာ သတ္တိရှိရှိနဲ့ လမ်းမပေါ်ထွက်ပြီး အခွင့်အရေးတွေကို ဆန္ဒပြတောင်းဆိုနေကြတဲ့ အာဖကန်အမျိုးသမီးတွေရဲ့ဗီဒီယို

နှစ်ပေါင်း (၂၀)ကျော်ကြာပြီးနောက်မှာ အာဖကန်နစ္စတန်နိုင်ငံကို တာလီဘန်တွေ ထပ်မံထိန်းချုပ်လိုက်တာကြောင့်အမေရိကန်တပ်တွေလည်း အမိမြေသို့ပြန်လည်ခြေချကုန်ပြီဖြစ်ပါတယ်။တချို့အာဖကန်ပြည်သူတွေကတော့နိုင်ငံအတွင်းကနေ ထွက်ခွါသွားကြပြီး တချို့ပြည်သူတွေလည်း ဆက်လက်နေထိုင်နေကြဆဲဖြစ်ပါတယ်။အာဖကန်နိုင်ငံရဲ့မြို့တော်ကာဘူးလ်မှာတော့ ဆန္ဒထုတ်ဖော်ပွဲတွေရှိပြီး အဲ့ဒီပွဲမှာ အမျိုးသမီးအများစုကိုသာ ဗီဒီယိုထဲမှာတွေ့ရပါတယ်။

Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 

အာဖကန်အမျိုးသမီးတွေက မနေ့ကလည်း သူတို့လိုချင်တဲ့အခွင့်အရေးတွေအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။လိုချင်တဲ့အခွင့်အရေးတွေကတော့ ကာဘူးလ်တွင် အမျိုးသမီးများအလုပ်လုပ်ခွင့်နဲ့ ပညာဆက်လက်သင်ကြားခွင့်တို့ပဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင် တာလီဘန်တွေက အမျိုးသမီးအများအပြားကိုသူတို့ရဲ့အိမ်ပြင်မှာအလုပ်လုပ်ခွင့်နဲ့ မိန်းကလေးငယ်တွေကိုကျောင်း၊ တက္ကသိုလ်တက်ခွင့်ပိတ်ပင်လိုက်တယ်လို့သိရပါတယ်။

Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 

ဒါ့ကြောင့် ဒီနေ့၊စက်တင်ဘာလ (၄)ရက်နေ့မှာလည်း အမျိုးသမီးများနဲ့ သတင်းထောက်တချို့က ကာဘူးလ်တွင်ဒုတိယနေ့အဖြစ် ဆက်လက်ဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်။ဆန္ဒထုတ်ဖော်နေကြတဲ့ လူအုပ်စုကြီးကတော့သမ္မတအိမ်တော်သို့ချီတက်ဖို့စီစဉ်ခဲ့ပေမယ့် တာလီဘန်တွေကခွင့်မပြုခဲ့တာဖြစ်ပါတယ်။ဒါ့ကြောင့် လမ်းပေါ်မှာပဲတက်တက်ကြွကြွ ဆန္ဒထုတ်ဖော်နေကြတဲ့ အာဖကန်အမျိုးသမီးတွေရဲ့ဗီဒီယိုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 

Photo Credit:From Twitter 

Source&video Credit:From Twitter 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T