ရွှေကြာ လူမှုကူညီရေးအသင်းကို တည်ထောင်ထားတဲ့ မရွှေကြာကတော့ သူမကိုယ်တိုင်လည်း ကိုဗစ်ရောဂါကိုခံစားခဲ့ရတာဖြစ်ပါတယ်။သူမဆီမှာ ဇူလိုင်လ (၆)ရက်နေ့ကတည်းက ကိုဗစ်လက္ခဏာတစ်ခုဖြစ်တဲ့ ဝမ်းသွားခြင်းစတင်ဖြစ်ပေါ်ခဲ့ပြီး နောက်(၂)ရက်လောက်မှာ ဖျားခဲ့တာဖြစ်ပါတယ်။မရွှေကြာရဲ့ မိတ်ဆွေတွေနဲ့ ပရဟိတအသင်းကလူငယ်တွေကလည်း သူမကိုကူညီပေးကြတာဖြစ်ပါတယ်။စဖြစ်ချင်းမှာတော့ အိမ်မှာပဲ ဆရာဝန်ခေါ်ပြီကုသခဲ့တာဖြစ်ပါတယ်။
အောက်ဆီဂျင်တွေကျလာတော့မှ ဆေးရုံတက်ခဲ့ရပြီး တချို့မိတ်ဆွေတွေဆိုရင် သူမအတွက် ဆေးရုံကုသစရိတ်တောင် ထုတ်ပေးတာဖြစ်ပါတယ်။မရွှေကြာက ကိုဗစ်ရောဂါကိုအလူးအလဲတိုက်ထုတ်နေရချိန်မှာ တစ်ခါမှမတွေ့ဖူး၊မမြင်ဖူးတဲ့အပြင် သူမလည်းမကူညီဖူးတဲ့လူတွေက သတိတရနဲ့သတင်းမေး၊ဆုတောင်းပေးကြတာကို ရရှိခဲ့တာဖြစ်ပါတယ်။သို့သော်လည်း သူမက နေစရာ၊စားစရာပေးပြီး ကူညီပေးခဲ့သူတချို့ကတော့ ဖုန်းဆက်ပြီးတောင်သတင်းမမေးခဲ့တာကို ရင်ဖွင့်လာတာဖြစ်ပါတယ်။
သူမရဲ့ဖုန်းနံပါတ်ကိုလည်းသိပြီး အရင်တုန်းကအဆက်အသွယ်ရှိတာတောင် ဆေးရုံပြန်ဆင်းလာတဲ့အထိ ဖုန်းဆက်မမေးမြန်းကြလို့ မရွှေကြာက အံ့ဩနေတာဖြစ်ပါတယ်။ဒါ့ကြောင့် အဲ့လိုလူစားမျိုးတွေကို နောက်ဘယ်တော့မှမပတ်သက်တော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။ကိုဗစ်ရောဂါကိုကိုယ်တိုင်ခံစားရတော့မှ လူတွေရဲ့စိတ်ဓာတ်ကိုသိခွင့်ရခဲ့တဲ့ မရွှေကြာရဲ့ ရင်ဖွင့်ခံစားချက်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit:Shwe Kyar’s Fb acc