တန်ဖိုးကြီးအောက်ဆီဂျင်စက်တွေ ပေးပို့လှူဒါန်းလိုက်တဲ့ အလှူရှင်ကြောင့် အံ့ဩဝမ်းသာသွားတဲ့ စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူ

//s9.kh1.co/81/811f0a4805c254feb39a289736e32947fb59a442.jpeg
အနုပညာရှင်များ

 ၀၄-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

မောင်လို့ ပရိသတ်တွေသိရှိအားပေးကြတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို ဆရာဝန်တစ်ယောက်လည်းဖြစ်တဲ့ စိန်ဖြိုးလှိုင်ကတော့ ပြည်သူတွေအတွက် အကျိုးပြုအလုပ်တွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ကိုဗစ်ကာလကပ်ရောဂါအချိန်မှာ တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေအတွက် ကျန်းမာရေးအကြံပြုချက်ပေးနေတဲ့အပြင် အောက်ဆီဂျင်ရရှိဖို့ ကြိုးစားလုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ 

Photo Credit - SEIN PHYO & YI YI's Fb Page
Photo Credit - SEIN PHYO & YI YI's Fb Page
Photo Credit - SEIN PHYO & YI YI's Fb Page
Photo Credit - SEIN PHYO & YI YI's Fb Page

အစ်မဖြစ်သူ နန္ဒာလှိုင်တို့မိသားစုလှူဒါန်းဆောက်လုပ်ထားတဲ့ အောက်ဆီဂျင်စက်ရုံမှာ ပြည်သူတွေအောက်ဆီဂျင်အရည်ဖြည့်နိုင်ဖို့အတွက် စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့က ဦးစီးလုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်..။ ငွေအားလူအားအပြင် ကိုယ်တိုင်ကိုယ်ကျအပင်ပန်းခံကာ အချိန်ပေးပြီး ပြည်သူတွေအတွက် ကြိုးစားပေးနေတဲ့ သူတို့ဆီကို စေတနာရှင်ပြည်သူတစ်ဦးက အောက်ဆီဂျင်စက်တွေ ပေးပို့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ တန်ဖိုးကြီးစက်တွေကို အခုလို ပေးပို့လှူဒါန်းလာတာကို မထင်ထားတဲ့ အတွက် အံ့ဩဝမ်းသာသွားခဲ့ရတယ်လို့လည်း ပြောပြထားပါသေးတယ်။ 

Photo Credit - SEIN PHYO & YI's Fb Page
Photo Credit - SEIN PHYO & YI's Fb Page
Photo Credit - SEIN PHYO & YI's Fb Page
Photo Credit - SEIN PHYO & YI's Fb Page

လူချင်းမသိပေမယ့် Owgels တံဆိပ် ​အောက်ဆီဂျင်စက် (10)liter (၂​)ယောက်ရှုလို့ရတဲ့ စက်(၃)လုံးကို စင်္ကာပူက အလှူရှင်ကိုရဲဝင့်ဦးဆိုသူက ပေးပို့လှူဒါန်းလိုက်တာ ဖြစ်ပါတယ်။ လက်ရှိအောက်ဆီဂျင်စက်တွေဌားပေးနေတဲ့ နေရာတွေမှာ အားဖြည့်ဌားပေးထားမှာဖြစ်ပြီး လိုအပ်ချက်တွေ လျော့လာတဲ့အချိန်မှာတော့ အလှူရှင်ရဲ့နာမည်နဲ့ပဲ နယ်ဆေးရုံတစ်ခုကို ပြန်လည်လှူဒါန်းသွားဖို့ စဉ်းစားထားတာတွေကိုလည်း ရီရီက ပြောပြထားပါတယ်။ ပရိသတ်တွေလည်း သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ဝမ်းသာစရာသတင်းကောင်းလေးကို တင်ဆက်မျှဝေပေးလိုက်ပါတယ်။ 

Photo Credit - SEIN PHYO & YI's Fb Page
Photo Credit - SEIN PHYO & YI's Fb Page
Photo Credit - SEIN PHYO & YI's Fb Page
Photo Credit - SEIN PHYO & YI's Fb Page

သတင်း အရင်းအမြစ်SEIN PHYO & YI YI's Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T