ဒီကာလမှာရိုက်ကူးရေးမရှိလို့ (၁၂)ဧကကျော်ကျယ်ဝန်းတဲ့သူ့ရဲ့မြေကွက်မှာ စိုက်ပျိုးရေးလုပ်ဖို့အကောင်အထည်ဖော်နေတဲ့ နေထူးနိုင်

//s9.kh1.co/23/23de8e4a0c9bb7158c0783cd1a58c6ce08b8f9e9.jpeg
အနုပညာရှင်များ

 ၀၄-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဒီကာလမှာရိုက်ကူးရေးမရှိလို့ (၁၂)ဧကကျော်ကျယ်ဝန်းတဲ့သူ့ရဲ့မြေကွက်မှာ စိုက်ပျိုးရေးလုပ်ဖို့အကောင်အထည်ဖော်နေတဲ့ နေထူးနိုင်

နေထူးနိုင်ရဲ့ ဗီဒီယိုဇာတ်ကားတွေဆိုရင် ပရိသတ်တွေကအားပေးကြည့်ရှု့ကြပြီး တစိုက်မက်မက်အားပေးလာကြတာ ယနေ့အချိန်ထိပဲဖြစ်ပါတယ်။နေထူးနိုင်က သူရိုက်ကူးမယ့်ဇာတ်ကားတွေကို ပိုပြီးပီပြင်ချင်တာကြောင့် ရှုတင်ရိုက်ကူးတဲ့အခါ လိုအပ်တဲ့မြေနေရာအကျယ်ကြီးကို ရေနံချောင်းဘက်မှာ ဝယ်ယူထားခဲ့တာဖြစ်ပါတယ်။သူဝယ်ယူထားတဲ့မြေအကျယ်အဝန်းကတော့ (၁၂)ဧကတောင်ကျယ်ဝန်းပြီး ရှုတင်အိမ်လေးတွေဆောက်ဖို့တောင် စီစဉ်ထားတာဖြစ်ပါတယ်။

Photo Credit:Nay Htoo Naing’s Fb acc
Photo Credit:Nay Htoo Naing’s Fb acc
Photo Credit:Nay Htoo Naing’s Fb acc
Photo Credit:Nay Htoo Naing’s Fb acc
Photo Credit:Nay Htoo Naing’s Fb acc
Photo Credit:Nay Htoo Naing’s Fb acc

နေထူးနိုင်က ရေနံချောင်းဘက်ကို အမြဲလိုလိုသွားရောက်ပြီး ကုသိုလ်ကောင်းမှူတွေကိုလည်း လက်လှမ်းမှီသလောက် လုပ်ဆောင်နေတာဖြစ်ပါတယ်။သူ့ရဲ့ပရိသတ်တွေကလည်း ရှုတင်ဆောက်လုပ်နေတဲ့ မြေဧကအကျယ်ကြီးကို စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။လတ်တလောမှာတော့ နေထူးနိုင်က ရိုက်ကူးရေးတွေလုပ်လို့မရသေးတာကြောင့် (၁၂)ဧကကျော်ကျယ်ဝန်းတဲ့ မြေကွက်မှာ စိုက်ပျိုးရေးတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo Credit:Nay Htoo Naing’s Fb acc
Photo Credit:Nay Htoo Naing’s Fb acc
Photo Credit:Nay Htoo Naing’s Fb acc
Photo Credit:Nay Htoo Naing’s Fb acc
Photo Credit:Nay Htoo Naing’s Fb acc
Photo Credit:Nay Htoo Naing’s Fb acc

ပရိသတ်တွေကလည်း သူစိုက်တဲ့အပင်တွေ ရာနှုန်းပြည့်ဖြစ်ထွန်းပါစေဆိုပြီး ဆုတောင်ပေးနေသလို လျှော်ဖြူ၊စပါးစိုက်ဖို့ပါ အကြံပေးနေကြတာဖြစ်ပါတယ်။"တစ်သက်လုံးပျော်ရွှင်ချင်ရင် သစ်ပင်စိုက်ပါ"ဆိုတဲ့ စကားလေးအတိုင်း နေထူးနိုင်ကတော့ သူ့ရဲ့မြေကွက်မှာ စိမ်းလန်းစိုပြေဖို့အတွက် ဒီအစီအစဉ်ကို အကောင်အထည်ဖော်လိုက်တာဖြစ်ပါတယ်။ပရိသတ်တွေလည်း နေထူးနိုင်ရဲ့ကျယ်ဝန်းလှတဲ့မြေကွက်ကို တွေ့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Nay Htoo Naing’s Fb acc
Photo Credit:Nay Htoo Naing’s Fb acc
Photo Credit:Nay Htoo Naing’s Fb acc
Photo Credit:Nay Htoo Naing’s Fb acc
Photo Credit:Nay Htoo Naing’s Fb acc
Photo Credit:Nay Htoo Naing’s Fb acc

Source&Photo Credit:Nay Htoo Naing’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T