အသက်(၈)နှစ်အရွယ်သာရှိသေးတဲ့ သူ့ရဲ့သမီးလေးကို အဓမ္မပြုကျင့်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူကို သူ့လက်နဲ့ကိုယ်တိုင်သတ်ခဲ့တဲ့ ဖခင်တစ်ဦး

//s9.kh1.co/05/05497e81cd4d382ace768a656e5f15c694996919.jpg
နေ့စဉ်သတင်းများ

 ၀၄-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အသက်(၈)နှစ်အရွယ်သာရှိသေးတဲ့ သူ့ရဲ့သမီးလေးကို အဓမ္မပြုကျင့်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူကို သူ့လက်နဲ့ကိုယ်တိုင်သတ်ခဲ့တဲ့ ဖခင်တစ်ဦး

Vyacheslav ဆိုတဲ့ ရရှားလူမျိုးတစ်ဦးက အသက် (၈)နှစ်အရွယ်သာရှိသေးတဲ့ သူ့ရဲ့သမီးလေးကို အဓမ္မပြုကျင့်သူကို သူကိုယ်တိုင်သတ်ပစ်ခဲ့ပါတယ်။ မုဒိမ်းမှုကျူးလွန်သူကတော့ Vyacheslav ရဲ့သူငယ်ချင်းဖြစ်သူက Oleg Sviridov ဆိုသူပဲ ဖြစ်ပါတယ် ။ Oleg Sviridov က ကလေးငယ်တွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်တစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံ၊ Samara ဒေသရှိ Vintai ရွာက ကလေးအမြောက်အမြားကို အနိုင်ကျင့်စော်ကားခဲ့ကြောင်း သူ့ရဲ့လက်ကိုင်ဖုန်းထဲရှိ ဗီဒီယိုတွေကတစ်ဆင့် တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ် ။

https://s9.kh1.co/__image/w=650,h=666,q=100/89/893b723c1d2522db62012ef31b447c6e4ef86825.jpg

Vyacheslav က Sviridov နဲ့ အရက်အတူသောက်ခဲ့ရာကနေ Sviridov ရဲ့ဖုန်းထဲမှာ သူ့ရဲ့သမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့တဲ့ဗီဒီယိုဖိုင်ကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ် ။ သူတို့မိသားစုနဲ့အရင်းနှီးဆုံးသူဖြစ်တဲ့ Sviridov က သူ့ရဲ့သမီးလေးကို အဓမ္မပြုကျင့်သူဖြစ်ကြောင်း သိလိုက်ရချိန်မှာတော့ Vyacheslav က သူကိုယ်တိုင်ရဲကိုတိုင်ပြီး ရာဇဝတ်ကောင်ဖမ်းဆီးရေးမှာ ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့ သမီးစိတ်နဲ့ ခံပြင်းဒေါသထွက်နေတဲ့ Vyacheslav က မုဒိမ်းကောင်ကို သူကိုယ်တိုင်ခြေရာခံပြီး ဓားနဲ့ထိုးသတ်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Daily Mail
Photo Credit-Daily Mail
Photo Credit-Daily Mail
Photo Credit-Daily Mail

အသက် (၃၂)နှစ်အရွယ် Oleg Sviridov ရဲ့အလောင်းကိုတော့ ရုရှားနိုင်ငံ၊ Samara ဒေသရှိVintai ရွာအနီးမှာ တွေ့ရှိခဲ့ပါတယ်။ Vyacheslav ကတော့ Oleg Sviridov နဲ့စကားများရန်ဖြစ်ရာကနေ အခုလိုဖြစ်သွားခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ခဲ့တာမဟုတ်ကြောင်း ရဲတွေကို ထွက်ဆိုခဲ့ပါတယ်။ Oleg Sviridov သေဆုံးပြီးနောက်မှာတော့ သူ့ရဲ့လက်ကိုင်ဖုန်းထဲမှာ ကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တဲ့ ဗီဒီယိုတွေကို ရဲတွေက တွေ့ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=666,q=100/89/893b723c1d2522db62012ef31b447c6e4ef86825.jpg
Photo Credit-Daily Mail
Photo Credit-Daily Mail
Photo Credit-Daily Mail
Photo Credit-Daily Mail

ဒေသခံတွေ တော်တော်များများကတော့ Vyacheslav ဘက်က အပြည့်အဝရပ်တည်ပြီး အားလုံးက သူ့ဘက်မှာရှိနေကြောင်း ပြောပြခဲ့ကြတာ ဖြစ်ပါတယ် ။ ဒေသခံတွေကတော့ Vyacheslav က ဖခင်ပီပီ သူ့ရဲ့သမီးကို ကာကွယ်ပေးခဲ့သူဖြစ်တာကြောင့် လူသတ်မှုနဲ့စွဲချက်မတင်သင့်ကြောင်း ရဲတွေကို တောင်းဆိုခဲ့ကြပါတယ်။

Source & Photo Credit-Daily Mail

Photo Credit-Daily Mail
Photo Credit-Daily Mail
Photo Credit-Daily Mail
Photo Credit-Daily Mail
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T