ရုရှားနိုင်ငံမှာဆောက်လုပ်နေတဲ့ နိုင်ငံတကာယဉ်ကျေးမှုမြို့တော်ကို လိုက်လံကြည့်ရှုစစ်ဆေးနေတဲ့ သီတဂူဆရာတော်ဘုရားကြီး

//s9.kh1.co/90/9026aaf76a71b21c75dcc899987f6d301e351372.jpeg
နေ့စဉ်သတင်းများ

 ၀၄-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရကျောင်းတိုက်သို့ စက်တင်ဘာ ၁ ရက်နေ့တွင် ကျေးဇူးတော်ရှင် အဘိဓဇမဟာရဌဂုရု ရွှေကျင်နိကာယဥပဥက္ကဋ္ဌ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူ ဆရာတော်ဘုရားကြီး ရောက်ရှိသီတင်းတော်မူနေကြောင်း သိရှိရပါတယ်။ သီတဂူဆရာတော်ဘုရားကြီးဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဝေဖန်မှုအချို့လည်း ခံနေရတာကို တွေ့မြင်ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သီတဂူဆရာတော်ဟာ ရုရှားနိုင်ငံမှာ ဆောက်လုပ်နေတဲ့ နိုင်ငံတကာယဉ်ကျေးမှုမြို့တော်ရဲ့ ဆောက်လုပ်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံ၊ နိုင်ငံတကာ ယဉ်ကျေးမှုမြို့တော်မှာ မြန်မာတို့အတွက် ရွှေစည်းခုံ စေတီတော်နှင့် ဂန္ဓကုဋိ ဘုရားကျောင်းဆောင်၊ ရုပ်ပွားဆင်တုတော်များနှင့်င့် မြန်မာတို့ရဲ့ ပန်းဆယ်မျိုး အနုပညာလက်ရာများကို ပြုလုပ်လျက်ရှိနေတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုအခါမှာတော့ နိုင်ငံတကာယဉ်ကျေးမှုမြို့တော်ဆောက်လုပ်ပြီးစီးမှုဟာ ၈၀ရာခိုင်နှုန်းခန့်ပြီးနေပြီလို့ သိရပါတယ်။ သီတဂူဆရာတော်ကြီးနဲ့အတူ ရုရှားခရီးစဉ်မှာ စစ်တပ်အကြီးအကဲတွေလည်း ပါ၀င်တယ်လို့သိရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T