မဝတ်တော့တဲ့ သူ့အင်္ကျီလေးတွေကိုလှူရင် ဟောင်းနေမှာဆိုးလို့ အသစ်လေးတွေဖြစ်အောင် ကိုယ်တိုင်မီးပူတိုက်နေတဲ့ စစ်လွန်းဝတီထက်

//s9.kh1.co/9c/9c37ef9df96ea0982d227a5f457882860c937e83.jpeg
အနုပညာရှင်များ

 ၀၄-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး စစ်လွန်းဝတီထက်ကတော့ မိခင်ဖြစ်သူနဲ့ အတူမနေရပေမယ့်လည်း ဖခင်ရဲ့ဆိုဆုံးမမှုတွေအောက်မှာ လိမ္မာရေးခြားရှိသူလေးဖြစ်ပါတယ်။ အသက်ငယ်ပေမယ့်လည်း ဘာသာရေးကိုင်းရှိုင်းပြီး လူကြီးသူမတွေအပေါ်မှာလည်း ရိုသေတာကြောင့် အားလုံးက အချစ်ပိုနေကြတာပါ။ 

Photo Credit - Sai Hlwan's Fb Acc
Photo Credit - Sai Hlwan's Fb Acc
Photo Credit - Sai Hlwan's Fb Acc
Photo Credit - Sai Hlwan's Fb Acc

စိတ်စေတနာကောင်းပြီး လိမ္မာလွန်းတဲ့ သမီးလေးစစ်လွန်းဝတီထက်ကတော့ သူမဝတ်တော့တဲ့ အင်္ကျီလေးတွေကိုလှူရင် ဟောင်းနေမှာဆိုးလို့ အသစ်လေးတွေဖြစ်အောင်ဆိုပြီး ကိုယ်တိုင်မီးပူတိုက်နေပြန်ပါတယ်။ ငြိမ်နေလို့ သွားကြည့်တဲ့အချိန် ဘီဒိုထဲက လှူမယ့်အင်္ကျီလေးတွေကို ကိုယ်တိုင်ကိုယ်ကျ သေသေချာချာလေး မီးပူတိုက်နေတဲ့အကြောင်း ဖခင်ဖြစ်သူ စိုင်းလွှမ်းက သဘောကျစွာနဲ့ ဝေမျှထားတာ ဖြစ်ပါတယ်။ 

Photo Credit - Sai Hlwan's Fb Acc
Photo Credit - Sai Hlwan's Fb Acc
Photo Credit - Sai Hlwan's Fb Acc
Photo Credit - Sai Hlwan's Fb Acc

ဆိုဆုံးမတာလေးတွေကို နာခံတတ်တဲ့ သမီးလေးစစ်လွန်းနဲ့ သူတို့သားအဖနှစ်ယောက်ရဲ့ ပီတိဖြစ်ကြည်နူးစရာကောင်းလွန်းတဲ့ မေတ္တာတရားလေးတွေကိုလည်း ပြောပြထားပါတယ်။ သိချင်တာလေးတွေကို စေ့စေ့ပေါက်ပေါက်မေးတတ်တဲ့ သမီးလေးရဲ့ မေးခွန်းတွေကို ဖြေနိုင်ဖို့အတွက်လည်း အချိန်ပိုပေးပြီး စာတွေ ဖတ်ဖြစ်တာလေးတွေကိုလည်း ပြောပြထားပါသေးတယ်။ ကြည်နူးစရာကောင်းတဲ့သားအဖနှစ်ယောက်ရဲ့ အကြောင်းလေးတွေနဲ့ စေတနာကောင်းလွန်းတဲ့ စစ်လွန်းဝတီထက်လေးရဲ့ စိတ်ထားလေးတွေကြောင့် ပရိသတ်တွေလည်း သဘောကျအချစ်ပိုနေကြမှာပါနော်.။

Photo Credit - Sai Hlwan's Fb Acc
Photo Credit - Sai Hlwan's Fb Acc
Photo Credit - Sai Hlwan's Fb Acc
Photo Credit - Sai Hlwan's Fb Acc

သတင်း အရင်းအမြစ်Sai Hlwan's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T