ရန်သူရဲ့သတင်းရလို့ မိုးလင်းထိမအိပ်ရတဲ့နေ့တွေများနေပေမယ့်လည်း နိုင်ငံအတွက်အားတင်းထားပါတယ်ဆိုတဲ့ PDFရဲဘော်များ

//s9.kh1.co/0e/0e2a292d31004bcd51a82b0fb4a91a424b2a0137.jpg
နေ့စဉ်သတင်းများ

 ၀၄-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအရ လူငယ်တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ်နဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကလည်း ပါ၀င်နေကြပြီး အာဏာရှင်ကိုအမြစ်ဖြုတ်ရန်နဲ့ စစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီရရှိဖို့အတွက် အင်တိုက်အားတိုက်ကြိုးစားနေကြတာကိုတွေ့ရပါတယ်။ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် လူငယ်အတော်များများလည်း လွတ်မြောက်နယ်မြေကိုရောက်ရှိကာ PDFရဲဘော်တွေအနေနဲ့ ခံယူပြီး စစ်ရေးလေ့ကျင့်နေကြတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခြေအနေတွေတဖြည်းဖြည်းတင်းမာလာပြီး PDFတွေ အင်အားကောင်းလာတာနဲ့အမျှ တိုက်ပွဲတွေလည်း နေ့တိုင်းလိုလိုဖြစ်ပေါ်နေတာကို သိရပါတယ်။ ထိစပ်တိုက်ပွဲတွေမကြာခဏဖြစ်ပေါ်နေတဲ့အတွက် လွတ်မြောက်နယ်မြေရှိ ရဲဘော်တွေလည်း သတိကြီးကြီးထားနေရပြီး နေ့တိုင်းလိုလို စစ်ရေးအတွက်ပြင်ဆင်နေကြတာကို တွေ့မြင်ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

PDF ရဲဘော်တစ်ဦးဟာလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ လွတ်မြောက်နယ်မြေရောက်နေပေမယ့် အမှန်တကယ်မလွတ်မြောက်ပဲ ရန်သူ့သတင်းကြောင့် မိုးလင်းပေါက်ခဲ့ရတဲ့နေ့တွေများစွာရှိကြောင်း၊ မနက်ဘက်တွေမှာလည်း အလုပ်ကိစ္စတွေကြောင့် အပြင်တွေသွားရတာရှိပြီး ညစဉ်အိပ်ရေးပျက်ရတာတွေများကြောင်း ပြောလာခဲ့ပါတယ်။ အခုလိုပင်ပန်းနေပေမယ့်လည်း နိုင်ငံအတွက်ဖြစ်တာကြောင့် အားတင်းထားကြောင်းကိုလည်း ဖွင့်ဟထားခဲ့တာကို တွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Chit Zaw Zaw's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T