ညီမဖြစ်သူကိုချော့မြူနေတဲ့သားလေးကိုကြည့်ကာ ချစ်မ၀ဖြစ်ရင်းဗီဒီယိုလေးရိုက်ကာ တင်ပေးလာတဲ့ နန်းမြတ်ဖြိုးသင်း

//s9.kh1.co/81/814a255b99d1840d9960e09f58504e82235e29c8.jpg
အနုပညာရှင်များ

 ၀၄-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်မင်းသမီး နန်းမြတ်ဖြိုးသင်းကတော့ မကြာခင်ရက်ပိုင်းကမှ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရတာကြောင့် ဖြေမဆည်နိုင်တဲ့၀မ်းနည်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ် ။ နန်းမြတ်ဟာ အခုလိုကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ကြုံတွေ့ခဲ့ရပေမယ့် ချစ်ရတဲ့သားလေးနဲ့သမီးရှိသေးတာကြောင့် သားသမီးလေးတွေကို အကောင်းဆုံးပျိုးထောင်ရင်း နေထိုင်နေတာကိုတွေ့ရပါတယ်။

Photo credit-Nann Myat Phyo Thinn's Facebook acc
Photo credit-Nann Myat Phyo Thinn's Facebook acc
Photo credit-Nann Myat Phyo Thinn's Facebook acc
Photo credit-Nann Myat Phyo Thinn's Facebook acc

အရွယ်မရောက်သေးတဲ့ သားလေးနဲ့သမီးလေးကို မိခင်နေရာရော ဖခင်နေရာကပါပြုစုပေးရတာက မလွယ်ကူလှတဲ့ကိစ္စတစ်ရပ်ဖြစ်ပေမယ့် နန်းမြတ်တစ်ယောက် အကောင်းဆုံးဖြစ်အောင် ဖြတ်သန်းနေတာကို တွေ့ရတာ အင်မတန်လေးစားစရာပါ။ သားလေးနဲ့သမီးလေးကလည်း ချစ်စရာအရမ်းကောင်းကြပြီး သားအကြီးလေးဖြစ်တဲ့ ဂျက်ဂျက်လေးဟာလည်း ညီမလေးအပေါ်ကို အရမ်းချစ်ပြီးဂရုစိုက်ပေးတာကို တွေ့ရပါတယ်။

Photo credit-Nann Myat Phyo Thinn's Facebook acc
Photo credit-Nann Myat Phyo Thinn's Facebook acc
Photo credit-Nann Myat Phyo Thinn's Facebook acc
Photo credit-Nann Myat Phyo Thinn's Facebook acc

မကြာသေးမီကလည်း နန်းမြတ်ဟာသူမရဲ့ Facebookစာမျက်နှာမှာ သားလေးဂျက်ဂျက်က ညီမလေးကို ချော့မြှူနေရင်း မောင်နှမနှစ်ယောက် အတူတူလိုက်အော်နေကြတဲ့ ချစ်စရာဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ် ။ ဒီဗီဒီယိုလေးက ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေကလည်း ကလေးလေးနှစ်ယောက်ကို အချစ်တွေပိုကြပြီး နန်းမြတ်ကိုလည်း အားပေးစကားလေးတွေပြောထားကြတာတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Nann Myat Phyo Thinn's Facebook acc
Photo credit-Nann Myat Phyo Thinn's Facebook acc

သတင်း အရင်းအမြစ်Nann Myat Phyo Thinn's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T