လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေပြီး စစ်ရေးလေ့ကျင့်နေတဲ့ ပုံရိပ်တွေကိုပြသလာတဲ့ အလှမယ် Bella မြတ်သီရိလွင်

//s9.kh1.co/1e/1e97dca0bb08c0ab356cedd24990577723a3e994.jpg
အနုပညာရှင်များ

 ၀၄-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေပြီး စစ်ရေးလေ့ကျင့်နေတဲ့ ပုံရိပ်တွေကိုပြသလာတဲ့ အလှမယ် Bella မြတ်သီရိလွင်

နွေဦးတော်လှန်ရေးမှာတော့ အနုပညာရှင်တွေကလည်း ပြည်သူတွေနဲ့အတူ ပူးပေါင်းရပ်တည်ပြီး အားလုံးရဲ့ရည်မှန်းချက် အောင်မြင်ဖို့အတွက် ကြိုးစားနေကြတာ ဖြစ်ပါတယ် ။ မင်းမော်ကွန်း၊ ကိုပေါက်၊ ဟိန်းထက်၊ ဟားငါးကောင်နဲ့ ထားထက်ထက်တို့လို အနုပညာရှင်တွေကတော့ တော်လှန်ရေးမှာ သူတို့ကိုယ်တိုင် ပါဝင်နေကြတာ ဖြစ်ပါတယ် ။ အခုဆိုရင်လည်း အလှမယ်တစ်ဦးဖြစ်တဲ့ Bella မြတ်သီရိလွင်က ပြည်သူတွေနဲ့အတူ တစ်သားတည်းရှိနေကြောင်း ပြသခဲ့ပါတယ်။

Photo Credit-Bella Myat Thiri Lwin's FB Page
Photo Credit-Bella Myat Thiri Lwin's FB Page
Photo Credit-Bella Myat Thiri Lwin's FB Page
Photo Credit-Bella Myat Thiri Lwin's FB Page

Miss Myanmar World 2016 ရဲ့သရဖူဆုရှင် Bella မြတ်သီရိလွင်က မြန်မာ့ဂုဏ်ဆောင် အလှမယ်တစ်ဦး ဖြစ်ပါတယ် ။ အခုဆိုရင် Bella က လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေပြီး စစ်ရေးလေ့ကျင့်ရေးနေကြောင်းကို ပုံနဲ့တကွ ပြသလာခဲ့တာ ဖြစ်ပါတယ် ။ Bella က သူမအနေနဲ့ လုံလုံခြုံခြုံရှိနေကြောင်း ပြောပြပြီး သူမရဲ့ပရိသတ်တွေကို စိတ်မပူစေဖို့ အသိပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Bella Myat Thiri Lwin's FB Page
Photo Credit-Bella Myat Thiri Lwin's FB Page
Photo Credit-Bella Myat Thiri Lwin's IG Acc
Photo Credit-Bella Myat Thiri Lwin's IG Acc

လက်ရှိလူမှုကွန်ယက်စာမျက်နှာမှာတော့ အလှမယ် Bella ရဲ့ပုံရိပ်တွေက ရေပန်းစားပျံ့နှံ့နေပြီး အားလုံးရဲ့စိတ်ဝင်စားမှုရရှိနေတာ ဖြစ်ပါတယ် ။ နိုင်ငံဂုဏ်ဆောင် အလှမယ်တစ်ဦးဖြစ်တဲ့အပြင် နိုင်ငံ့အရေးမှာပါ အားသွန်ခွန်စိုက် ပါဝင်နေတဲ့ Bella ရဲ့လုပ်ရပ်ကို အားလုံးက ချီးကျူးလေးစားနေကြတာလည်း ဖြစ်ပါတယ် ။ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတဲ့ အလှမယ်လေး Bella မြတ်သီရိလွင်ရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Bella Myat Thiri Lwin's IG Acc

Photo Credit-Bella Myat Thiri Lwin's IG Acc
Photo Credit-Bella Myat Thiri Lwin's IG Acc
Photo Credit-''Myanmar Beauties''FB Page
Photo Credit-''Myanmar Beauties''FB Page
Photo Credit-Bella Myat Thiri Lwin's IG Acc
Photo Credit-Bella Myat Thiri Lwin's IG Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T