ဂီတအနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ G Fattကတော့ ပြည်သူတွေနဲ့အတူ ဖေဖော်ဝါရီလ (၁)ရက်နေ့ကတည်းက တစ်သားတည်းရှိနေခဲ့တာဖြစ်ပါတယ်။G Fatt ကလည်း အနုပညာမောင်နှမတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ပြည်သူတွေကလည်း G Fattရဲ့စိတ်ဓာတ်ကို ချီးကျူးကြပြီး အရင်ကထက်ပိုအားပေးလာကြတာဖြစ်ပါတယ်။လတ်တလောမှာတော့ G Fatt က သာသနာ့ဘောင်ထဲကို ဝင်ရောက်လိုက်တာဖြစ်ပါတယ်။
G Fatt က မိခင်ဖြစ်သူရဲ့မွေးနေ့ဖြစ်လို့ အမေ့ကိုအမှူးထားပြီး ရဟန်းဝတ်ခဲ့တာဖြစ်ပါတယ်။G Fatt က မိခင်နဲ့ဖခင်ကိုလည်း လိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးပြီး စိတ်ချမ်းသာအောင်ထားပေးတာဖြစ်ပါတယ်။ဒါ့ကြောင့် မိခင်ရဲ့ မွေးကျေးဇူးကိုတန်ဖိုးထားပြီး အမွန်မြတ်ဆုံးဖြစ်တဲ့အလုပ်တစ်ခုကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။သူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း G Fatt ရဲ့ကုသိုလ်အတွက် သာဓုခေါ်ပြီး ကြည်ညိုလေးစားနေကြတာဖြစ်ပါတယ်။
ဦးပဥ္ဇင်းဖြစ်သွားတဲ့ G Fatt က "ဒီပြုရသောကုသိုလ်ကံကြောင့် အဖေနဲ့အမေ ကျန်းမာ ချမ်းသာလို့ သံသရာလွတ်ကြောင်းတရားတော်တွေကို ဘဝတစ်ခုခုမှာ နားလည်သဘောပေါက်ပြီး ကျင့်ကြံအောင်မြင်နိုင်ကြပါစေ "ဆိုပြီးဆုတောင်းထားတာဖြစ်ပါတယ်။မိခင်ရဲ့မွေးနေ့လေးမှာ တန်ဖိုးဖြတ်မရနိုင်တဲ့ မွေးနေ့လက်ဆောင်အဖြစ်ရဟန်းဝတ်ပြီးကုသိုလ်ပြုခဲ့တဲ့ G Fatt ရဲ့ပုံရိပ်ကို ပရိသတ်တွေ တွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit:G Fatt’s Fb acc