(၂)နှစ်ကျော်ကြာအောင် ချစ်ခဲ့ရတဲ့ ချစ်သူကောင်မလေးကိုသတ်ပြီး သူ့ကိုယ်သူအဆုံးစီရင်သွားတဲ့ အမျိုးသားတစ်ဦးရဲ့ဖြစ်ရပ်

//s9.kh1.co/44/447687475dc419d9d1578815a245e77bc97b7117.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

(၂)နှစ်ကျော်ကြာအောင် ချစ်ခဲ့ရတဲ့ ချစ်သူကောင်မလေးကိုသတ်ပြီး သူ့ကိုယ်သူအဆုံးစီရင်သွားတဲ့ အမျိုးသားတစ်ဦးရဲ့ဖြစ်ရပ်

Northamptonshire မှာရှိတဲ့ အသက် (၄၁) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တဲ့ Benjamin Green က ပြီးခဲ့တဲ့ရက်ကပဲ သူ့ရဲ့ချစ်သူကောင်မလေးကိုသတ်ပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ပါတယ်။ ရဲတွေက သူတို့နှစ်ယောက်ရဲ့ရုပ်အလောင်းတွေကို ပြစ်မှုကျူးလွန်သူ Benjamin Green ရဲ့နေအိမ်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ် ။ Benjamin Green နဲ့ သူ့ရဲ့ချစ်သူ Maddie Durdant-Hollamby တို့က ချစ်ကြိုက်နေတာ (၂)နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း သူတို့ရဲ့သူငယ်ချင်းတွေဆီကတစ်ဆင့် သိရတာ ဖြစ်ပါတယ် ။

Photo Credit-Metro
Photo Credit-Metro
Photo Credit-Metro
Photo Credit-Metro

သေဆုံးသူအမျိုးသမီးလေး Maddie က အရည်အချင်းရှိတဲ့ Dancer တစ်ဦးဖြစ်ပြီး အသက် (၂၂)နှစ်အရွယ်သာရှိသေးတာပဲ ဖြစ်ပါတယ် ။ သူမက ငယ်ရွယ်လှပသူဖြစ်သလို သူတစ်ပါးအပေါ်မှာကြင်နာတတ်ပြီး တကယ့်ကို ထက်မြက်တဲ့မိန်းကလေးတစ်ဦးလည်း ဖြစ်ပါတယ်။ Maddie သေဆုံးတာနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူ Rachelကလည်း သူမရဲ့ခံစားချက်တွေကို Facebook မှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Metro
Photo Credit-Metro
Photo Credit-Metro
Photo Credit-Metro

အိမ်နီးချင်းတွေရဲ့ပြောပြချက်အရ Benjamin Green က မာနကြီးသူတစ်ယောက်ဖြစ်ပြီး သူ့မှာအနည်းဆုံး ရည်းစား(၃)ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့သူငယ်ချင်းတစ်ဦးကတော့ Benjamin နဲ့ Maddie တို့က အရမ်းချစ်ကြတဲ့ချစ်သူတွေဖြစ်ကြောင်း၊ အလုပ်တွေအတူလုပ်ပြီး (၂)နှစ်တာလုံးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြောင်း၊ Ben ကလူကောင်းတစ်ယောက်ဖြစ်ကြောင်းပြောပြခဲ့ပေမယ့် ဘာကြောင့်အခုလိုလုပ်လဲဆိုတာကိုတော့ နားမလည်ကြောင်း ထွက်ဆိုခဲ့တာ ဖြစ်ပါတယ် ။ သူတို့ချစ်သူနှစ်ဦးရဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်ကို နိုင်ငံတကာမီဒီယာတွေက ရေးသားဖော်ပြခဲ့ကြပြီးနောက်မှာတော့ အားလုံးက စိတ်မကောင်းဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။

Source & Photo Credit-Metro

Photo Credit-Metro
Photo Credit-Metro
Photo Credit-Metro
Photo Credit-Metro
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T