နာမည်ကြီးမြန်မာ့စီးပွားရေးလုပ်ငန်းရှင် တစ်ဦးရဲ့စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူသွားမယ့်အကြောင်း ကြေညာလိုက်တဲ့ ယူကေအစိုးရ

//s9.kh1.co/7f/7fb756b1603ae8a44eb1011531e905b878774651.jpeg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်ရှိအခြေအနေတွေမှာ အကြမ်းဖက်မှုတွေကို ကမ္ဘာ့နိုင်ငံတော်တော်များများက အပြင်းအထန်ရှုံ့ချမှုတွေရှိနေပြီး စီးပွားရေးပိတ်ဆို့မှုတွေလည်း ပြုလုပ်ကြတာ ရှိပါတယ်.။ 

ဒီတစ်ခါမှာလည်း အာဏာရှင်တွေနဲ့ ဆက်စပ်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းများအပေါ်  (၇)ကြိမ်မြောက် ထပ်တိုး အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်တဲ့အကြောင်း ယူကေအစိုးက ထုတ်ပြန်ကြေညာလိုက်ပါတယ်..။

Photo Credit - Dominic Raab Twitter Acc 
Photo Credit - Dominic Raab Twitter Acc 

ဒီတစ်ခေါက်မှာတော့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေထဲက အကျော်ကြားဆုံးပုဂ္ဂိုလ်တစ်ဦးလို့ပြောလို့ရတဲ့ ဦးတေဇနဲ့ သူ့ရဲ့ ထူးလုပ်ငန်းစုကို ပိတ်ဆို့အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။ အာဏာရှင်အပါအဝင် အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်မှုမှာ ထောက်ခံအားပေးနေတဲ့ မည်သူ့ကိုမဆို ပစ်မှတ်ထားအရေးယူသွားမယ်လို့ ယူကေနိုင်ငံခြားရေးဝန်ကြီး Dominic Raab က သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

Photo Credit - Dominic Raab Twitter Acc 
Photo Credit - Dominic Raab Twitter Acc 

ပြီးခဲ့တဲ့မေလပိုင်းကလည်း ယူကေက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (MGE) ကို အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့က မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုကိုရပ်ဆိုင်းကြောင်း ကြေညာခဲ့တဲ့အချိန်ကလည်း အဆိုပါ ကြေညာချက်ကို ယူကေအစိုးရအပြင် အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတို့က ကြိုဆိုခဲ့ကြတာ တွေ့ရပါတယ်..။

Photo Credit - Dominic Raab Twitter Acc 
Photo Credit - Dominic Raab Twitter Acc 


သတင်း အရင်းအမြစ်Dominic Raab Twitter Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T