၈ နှစ်အတွင်း ဘယ်သူမှ မချိုးနိုင်ခဲ့တဲ့ စံချိန်ကို ‌ချိုးပြနိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံက အမျိုးသားရဲ့ Video

//s9.kh1.co/af/af28d76e893641b5376082d4aaa97c215fce2426.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

အိန္ဒိယအမျိုးသားတစ်ဦးဟာ ၈နှစ်လောက် ဘယ်သူမှမချိုးနိုင်တဲ့ စံချိန်ကို ချိုးနိုင်ခဲ့ပြီး စံချိန်တင်ခဲ့ပါတယ်။ ဒီအမျိုးသားဟာ အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ အိုဒီရှာပြည်နယ်မှာနေထိုင်တဲ့ အသက်၂၃ နှစ်အရွယ် Manoj Kumar Maharana ဆိုသူဖြစ်ပါတယ်။ စံချိန်တင်ခဲ့တာကတော့ ပိုက်ချောင်းပေါင်း ၄၅၉ ချောင်းကို သူ့ရဲ့ ပါးစပ်ထဲထည့်ပီး လက်နှင့်မကိုင်ပဲ ၁၀စက္ကန့်ကြာ နေပြနုိင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=608,h=312,q=100/22/22aef80933e8b16c5c6c38d1e35b948ec635a58f.jpg
https://s9.kh1.co/__image/w=650,h=325,q=100/84/84a780002c8b3b2b722d45a5ed6a0e274d8d2833.jpg

ပထမအစပိုင်း ပိုက်ချောင်းများကို ပါးစပ်ထဲထည့်တဲ့အခါ လက်ဖြင့်အနည်းငယ်ထိန်းခဲ့ရပြီး မျက်နှာမော့တဲ့အချိန်မှာတော့ လက်ကိုမြှောက်ပြကာ စက္ကန့်ပိုင်းအကြာ နေပြခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့လက်တွေ့ပြသမှုကို ဂင်းနစ်အဖွဲ့က တိုက်ရိုက်ကြည့်ရှုပီးတဲ့နောက် ဂင်းနစ်စာအုပ်ထဲမှာ မှတ်တမ်းတင်ပေးခဲ့တာပဲဖြစ်ပါတယ်။ လူတိုင်းရဲ့ တမူးထူးခြားတဲ့ ပါရမီဆိုတာ ဒါမျိုးကို ပြောတာနေမယ်။

https://s9.kh1.co/__image/w=640,h=357,q=100/f9/f9255cc1f0c220fd321ab03dd272784ac1956a65.jpg
https://s9.kh1.co/__image/w=650,h=434,q=100/b0/b0a9b716e72e58741c978b5060e793c7ec953574.jpg

Manoj ဟာ ငယ်စဉ်ကတည်းက Guinness World Records ခေါင်းစဉ်ကို ရယူလိုပေမယ့်လည်း မဖြစ်နိုင်ဘူးထင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ယခင်စံချိန်ပိုင်ရှင် Simon Elmore အကြောင်းကြားပြီးနောက် စံချိန်တစ်ခုတင်ရင် အမှန်တကယ် စိတ်အားတက်ကြွခဲ့ပါတယ်။ ဗြိတိန်နိုင်ငံသား Simon ဟာ ဂျာမနီနိုင်ငံ Mark 'n' Simon Show မှာ ပိုက်ချောင်း ၄၀၀ ကို ပါးစပ်ထဲ ထည့်ပြနိုင်ထားခဲ့ပါတယ်။

သတင်း အရင်းအမြစ်Guinness World Records

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T