ကျေးရွာအတွင်း တပ်စွဲစခန်းချသွားတဲ့အပြင် လူနေအိမ်တချို့ပါ ရစရာမရှိအောင် မီးရှို့ဖျက်စီးတာခံရတဲ့ ပေါက်မြို့နယ်ကဖြစ်ရပ်

//s9.kh1.co/dd/dd246717ea40eb49df4a96e0658ab84c74eb8a9b.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မကွေးတိုင်း ၊ ပေါက်မြို့နယ်က ကျေးရွာတွေမှာ အာဏာရှင်လူတစ်စုရဲ့တပ်များက အင်အားအလုံးအရင်းဖြင့် လက်ရှိချိန်ထိ တပ်စွဲစခန်းချထားခဲ့ပါတယ်။ ကျေးရွာတွေက ပြည်သူတွေကတော့ အဆိုပါတပ်စွဲစခန်းချထားတာတွေကြောင့် နေအိမ်တွေမှာ မနေရဲကြတော့ဘဲ ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ အာဏာရှင်လူတစ်စုရဲ့ တပ်များက ကျေးရွာအတွင်းမှာ ပစ်ခတ်မှုတွေရှိသလို အပြစ်မဲ့ ပြည်သူတွေကိုလည်း မတရားဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။

Photo Credit - ပေါက်မြို့နယ်ဟစ်တိုင်
Photo Credit - ပေါက်မြို့နယ်ဟစ်တိုင်
Photo Credit - ပေါက်မြို့နယ်ဟစ်တိုင်
Photo Credit - ပေါက်မြို့နယ်ဟစ်တိုင်

ဒါ့အပြင် ပေါက်မြို့နယ်အတွင်းက တချို့ကျေးရွာတွေမှာ ပြည်သူတွေထွက်ပြေးနေတဲ့အချိန် နေအိမ်များကို မီးရှို့ဖျက်စီးတာတွေအပြင် တန်ဖိုးရှိပစ္စည်းတွေကို ရှာဖွေယူဆောင်သွားတာတွေလည်း ရှိခဲ့ပါတယ်။ ယမန်နေ့ကလည်း ပေါက်မြို့နယ်တောင်ပိုင်း၊ ဝန်ခြုံးကျေးရွာရှိ လူနေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ စတင်ဘာလ(၃)ရက်နေ့ မနက်ပိုင်းမှာလည်း အဆိုပါကျေးရွာအနီးရှိ တပ်ကုန်းကျေးရွာမှာ စိတ်မကောင်းစရာ မြင်ကွင်းတချို့ကို ပြည်သူတစ်ဦးက ဖော်ပြလာတာတွေ့ရပါတယ်။

Photo Credit - ပေါက်မြို့နယ်ဟစ်တိုင်
Photo Credit - ပေါက်မြို့နယ်ဟစ်တိုင်
Photo Credit - ပေါက်မြို့နယ်ဟစ်တိုင်
Photo Credit - ပေါက်မြို့နယ်ဟစ်တိုင်

ဒါကတော့ အာဏာရှင်လူတစ်စုရဲ့ လက်အောက်ခံတပ်တွေက တပ်ကုန်းရွာအတွင်း ဝင်ရောက်ခဲ့ပြီး လူနေအိမ်တစ်လုံးကို မီးရှို့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်အတွင်းက ပြတင်းပေါက်များရဲ့ တံခါးတွေကိုလည်း ရစရာမရှိအောင် ရိုက်ချိုးဖျက်စီးသွားခဲ့ကြတာ တွေ့ရပါတယ်။ အလားတူပင် အခြားကျေးရွာတွေက နေအိမ်တချို့လည်း ၎င်းတို့က ဝင်ရောက်ဖျက်စီးတာတွေရှိခဲ့တယ်လို့ ကြားသိရပါတယ်။

Photo Credit - ပေါက်မြို့နယ်ဟစ်တိုင်
Photo Credit - ပေါက်မြို့နယ်ဟစ်တိုင်
Photo Credit - ပေါက်မြို့နယ်ဟစ်တိုင်
Photo Credit - ပေါက်မြို့နယ်ဟစ်တိုင်

သတင်း အရင်းအမြစ်Source - ပေါက်မြို့နယ်ဟစ်တိုင်

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T