အမေတစ်ခု သားတစ်ခုသာရှိတဲ့ဘဝမှာ မိခင်ကြီးကိုထားခဲ့ရတဲ့ ရင်နင့်စရာအဖြစ်ကို မျက်ရည်တွေနဲ့သက်သေတည်ပြီး ပြောပြလာတဲ့ PDF လူငယ်တစ်ဦး

//s9.kh1.co/8f/8feec553cbf6f539f33ac4fe34b3b8ebabfba644.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အမေတစ်ခု သားတစ်ခုသာရှိတဲ့ဘဝမှာ မိခင်ကြီးကိုထားခဲ့ရတဲ့ ရင်နင့်စရာအဖြစ်ကို မျက်ရည်တွေနဲ့သက်သေတည်ပြီး ပြောပြလာတဲ့ PDF လူငယ်တစ်ဦး

ပြည်သူ့ရဲဘော်ဘဝကို ခံယူခဲ့ကြတဲ့ PDF လူငယ်လေးတွေထဲမှာ ရင်နာနာနဲ့ပဲ မိဘရင်ခွင်ကနေ စွန့်ခွာခဲ့ရတဲ့သူတွေ အများအပြားရှိနေတာ ဖြစ်ပါတယ် ။ ဒီအရွယ်လေးတွေက မိဘရင်ခွင်မှာနေပြီး အိပ်မက်တွေကို အကောင်အထည်ဖော်နေရမယ့်အစား အာဏာရှင်ကိုတော်လှန်ဖို့အတွက် တောထဲတောင်ထဲမှာ စစ်ရေးလေ့ကျင့်နေရတာ ဖြစ်ပါတယ်။ အခုလည်း အမေတစ်ခု သားတစ်ခုဘဝနဲ့နေနေရတဲ့ လူငယ်တစ်ဦးက မိခင်ဖြစ်သူကိုထားခဲ့ပြီး တောထဲကိုထွက်လာခဲ့ရတဲ့ ရင်နင့်စရာအဖြစ်ကို ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

လက်ရှိမှာတော့ ဒီလူငယ်လေးက လုံခြုံတဲ့နေရာကို ရောက်ရှိနေပြီဖြစ်ပေမယ့် သူ့ရဲ့မိခင်ကြီးကတော့ မျက်ရည်တွေနဲ့ အိမ်မှာကျန်ခဲ့ရတာ ဖြစ်ပါတယ် ။ အသက်ကြီးနေပြီဖြစ်တဲ့ မိခင်ကြီးက သူ့အတွက်သူတောင် စိတ်မပူဘဲ ဘယ်နေ့မှပြန်လာရမယ်မှန်းမသိတဲ့ သူမရဲ့သားလေးအတွက်သာ စိတ်ပူပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် မိခင်ကြီးက အံသွားကျိုးတုန်းက သိမ်းထားတာလေးကို ထုတ်ပြီး "သားကို ဒါလေးက ကာကွယ်ပေးလိမ့်မယ်'' လို့ဆိုရင်း အဆောင်အဖြစ်ပေးလိုက်သေးတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီအကြောင်းတွေကို ရင်ဖွင့်လာတဲ့ ပြည်သူ့ရဲဘော်လေးကတော့ "ဒီဟာတွေဟာ အပိုလုပ်ပြောထားတာ မျက်ရည်ချူတာ တစ်ခုမှ မပါပါ။ တစ်ချို့လူတွေက အသည်းမာလွန်းတယ်ဗျာ။ ကိုယ်တိုင် မခံစားရရင် မယုံကြဘူးဗျ။ ဒီစာကို ကျွန်တော့်မျက်ရည်တွေနဲ့ သက်သေတည်ပါတယ်။ " ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ် ။ ဒီလူငယ်လေးလို အဖြစ်မျိုး ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ပြည်သူ့ရဲဘော်တွေအနေနဲ့ တော်လှန်ရေးအောင်နိုင်ဖို့အတွက် နှောင်ကြိုးတွေကို ဖြတ်ခဲ့ရတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း ပြည်သူ့ရဲဘော်တွေက အားလုံးရဲ့ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် အဆုံးအစွန်အထိ ဇွဲမလျော့ဘဲ ရှေ့ဆက်လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T