ကတ်ထူပုံးလေးထဲထည့်ကာ လာရောက်စွန့်ပစ်သွားတဲ့ သမီးငယ်လေးကို ကိုယ်တိုင်သွားရောက်ခေါ်ယူပြီး မွေးစားခဲ့တဲ့ခိုင်နှင်းဝေ

//s9.kh1.co/e4/e43e495ce8d2ad8c5a8bf99004188c1b7e8d8cbb.jpg
အနုပညာရှင်များ

 ၀၃-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရဟိတအလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ အခုလိုကြပ်တည်းနေကြတဲ့ကာလကြီးမှာ တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေနေ့တိုင်းနီးပါးပြုလုပ်နေပြီး ရင်ခွင်မဲ့ကလေးငယ်လေးတွေအတွက်လည်း မိဘမဲ့ဂေဟာဖွင့်လှစ်ကာ သားသမီးအရင်းလေးတွေပမာ စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။

Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc

ခိုင်နှင်းဝေရဲ့ ဂေဟာက ကလေးငယ်လေးတွေဟာဆိုရင်လည်း အင်မတန်လိမ္မာရေးခြားရှိကြပြီး ချစ်စရာကောင်းကြတာကြောင့် ပရိသတ်တွေကလည်း ကလေးလေးတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ပေးကာ ကူညီပေးကြတာတွေ့ရပါတယ်။ ယမန်နေ့ညမှာဆိုရင်လည်း သန်လျင်ဘက်မှာ ကလေးငယ်လေးကို ကတ်ထူပုံးလေးနဲ့ထည့်ထားပြီး နို့ဗူးထဲထမင်းရည်လေးထည့်ကာ အ၀တ်အစားလေးအနည်းငယ်နဲ့ လာရောက်စွန့်ပစ်သွားခဲ့တယ်လို့ သိရပါတယ်။

Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc

အသင်းရဲ့ဆက်သွယ်လာမှုကြောင့် ခိုင်နှင်းဝေဟာ သမီးလေးကို ကိုယ်တိုင်ကိုယ်ကျခေါ်ယူခဲ့ပြီး မွေးစားခဲ့တာပါ။ သမီးငယ်လေးကလည်း မျက်နှာချိုချိုလေးနဲ့ ခိုင်နှင်းဝေရဲ့လက်ထဲမှာ ပျော်ရွှင်နေပြီး ကြည်နူးနေတာလည်း တွေ့မြင်ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc

သတင်း အရင်းအမြစ်Khine Hnin Wai's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T