ပိုက်ဆံတစ်ပြားမှမရှိလို့ လိုရာခရီးရောက်ဖို့ (၁၃)ရက်ကြာအောင် ခြေကျင်လမ်းလျှောက်လာခဲ့ရတဲ့ သားအမိ(၃)ယောက်နဲ့ခွေးလေးတစ်ကောင်ရဲ့အဖြစ်

//s9.kh1.co/ae/ae2e592c4829ff562c0155c3d264f17f060d13b8.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ပိုက်ဆံတစ်ပြားမှမရှိလို့ လိုရာခရီးရောက်ဖို့ (၁၃)ရက်ကြာအောင် ခြေကျင်လမ်းလျှောက်လာခဲ့ရတဲ့ သားအမိ(၃)ယောက်နဲ့ခွေးလေးတစ်ကောင်ရဲ့အဖြစ်

ပြည်သူတွေ တော်တော်များများ စားဝတ်နေရေးမပြေလည်ကြတဲ့ ဒီလိုအချိန်မှာတော့ တစ်ချို့တွေဆိုရင် ခက်ခဲလွန်းလို့ စားစရာတောင်မရှိတော့တဲ့ အခြေအနေနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ် ။ မနေ့ကဆိုရင်လည်း ဒုက္ခရောက်နေတဲ့ သားအမိသုံးယောက်ကို စေတနာရှင်ပြည်သူတစ်ချို့က ကူညီလိုက်တာ တွေ့ရပါတယ်။ အဲ့ဒီသားအမိ(၃)ယောက်က အိမ်ထောင်ဦးစီးဆုံးပါးသွားပြီးကတည်းက ရွာမှာလုပ်ကိုင်စားသောက်ဖို့ အဆင်မပြေတော့တာကြောင့် တစ်ခြားရွာကိုပြောင်းဖို့ ခရီးထွက်လာကြတာ ဖြစ်ပါတယ် ။

Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc

ဒါပေမဲ့ သူတို့လက်ထဲမှာ ပိုက်ဆံတစ်ပြားမှမရှိတာကြောင့် နားကောင်းမှူး(မိုင်းတုံမြို့နယ်)-တာချီလိတ်-ကျိုင်းတုံခရီးကို (၁၃)ရက်တိုင်တိုင် ခြေကျင်လမ်းလျှောက်ပြီး လာခဲ့ရတာ ဖြစ်ပါတယ် ။ သူတို့မိသားစုနဲ့အတူ ခွေးလေးတစ်ကောင်ကလည်း အဖော်အဖြစ်ပါလာခဲ့တာ ဖြစ်ပါတယ် ။ လမ်းခရီးမှာတော့ သူတို့မိသားစုလေးက လမ်းဘေးကြုံသလိုအိပ်ခဲ့ရပြီး စားစရာကို သူများဆီတောင်းကာ စားသောက်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc

ထမင်းလိုက်ဝေတဲ့ စေတနာရှင်ပြည်သူတစ်ဦးက သူတို့သားအမိသုံးယောက်နဲ့ ဆုံတွေ့ခဲ့ရာကနေ အကြောင်းစုံကို သိခွင့်ရခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် စေတနာရှင်တွေက ဒီသားအမိသုံးယောက်ကို အိမ်မှာတစ်ညအိပ်ခွင့်ပေးပြီးနောက် သူတို့သွားချင်တဲ့ မိုင်းပျဥ်းမြို့ကိုသွားလို့ရအောင် ကားဂိတ်အထိ လိုက်ပို့ပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် စေတနာရှင်တွေက ဒီသားအမိတွေအတွက် စားသောက်ကုန်တွေနဲ့ ကားဆီဖိုးပေးလိုက်တဲ့အပြင် အလှူငွေတွေပါ ကူညီလိုက်သေးတာ ဖြစ်ပါတယ် ။ စေတနာရှင်တွေကတော့ လမ်းခရီးမှာ အခက်အခဲဖြစ်ပြီး ဒုက္ခရောက်နေတဲ့ သားအမိသုံးယောက်နဲ့ ခွေးလေးတစ်ကောင်ကို အခုလိုကူညီခွင့်ရတဲ့အတွက် ဝမ်းသာနေကြတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Nang Mar Lar Wan's FB Acc

Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Photo Credit-Nang Mar Lar Wan's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T