နမ့်စန်မြို့(၄)ရပ်ကွက်မှာ သဲကားတစ်စီးက ဘရိတ်ပေါက်ပြီး အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်မိတာကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားတဲ့ ဖြစ်ရပ်

//s9.kh1.co/87/875fb2b598dc5db7d7a9da177ddf4534351ae1dc.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

နမ့်စန်မြို့(၄)ရပ်ကွက်မှာ သဲကားတစ်စီးက ဘရိတ်ပေါက်ပြီး အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်မိတာကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားတဲ့ ဖြစ်ရပ်

လုယက်မှုတွေ၊ အနုကြမ်းစီးမှုတွေလည်း ပေါများနေသလို ယာဥ်တိုက်မှုတွေလည်း ယခုရက်ပိုင်းအတွင်း အများအပြားဖြစ်ပွားနေပါတယ်။ ယနေ့ စက်တင်ဘာလ( ၃)ရက်နေ့မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့မှာ ထိတ်လန့်စရာကောင်းတဲ့  အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားခဲ့ပါတယ်။ အကြောင်းကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ (၄)ရပ်ကွက်အဆင်းမှာ ယနေ့နေ့လည်ပိုင်းအချိန်က သဲကားတစ်စီးဟာ ဘရိတ်ပေါက်ပြီး နေအိမ်တစ်လုံးကို ဝင်တိုက်မှု ဖြစ်ပွားသွားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အရှိန်လွန်ပြီး ဘရိတ်ပေါက်ကာ ကားနဲ့ဝင်တိုက်ခဲ့တာကြောင့် အုတ်နံရံနဲ့ နေအိမ်တစ်ခြမ်း ပျက်စီးသွားခဲ့ကြောင်း သိရှိရပါတယ်။ နေအိမ်ထိခိုက်ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိဘဲ သဲကားမောင်းတဲ့ ယာဥ်မောင်းကတော့ ထိခိုက်ဒဏ်ရာတွေ ရရှိသွား​ခဲ့ပါတယ်။ မီးသတ်တောင်တန်းလူငယ်လူမှုကူညီရေးအသင်း၊ငြိမ်းချမ်းလူငယ်လူမှုကူညီရေးအသင်းတို့မှ ယာဥ်တိုက်မှုဖြစ်ပွားတဲ့ ယာဥ်မောင်းအား သွားရောက်ကယ်ထုတ်ပေးခဲ့​ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ကိုယ်တိုင်သွားရောက် ကူညီပေးခဲ့တဲ့ ပြည်သူတစ်ဦးကတော့ " ဒီနေ့မနက် လေးရပ်ကွက်အဆင်း သဲကားဘရိတ်ပေါက်ပြီး ဘေးအိမ်တွေကို ဝင်တိုက်မှုဖြစ်ပွား မီးသတ်၊တောင်တန်းလူငယ်လူမှုကူညီရေးအသင်း ငြိမ်းချမ်းလူငယ်လူမှုကူညီရေးအသင်းတို့မှ ကားထဲမှ ကားဆရာအားသွားရောက် ကူညီကယ်ထုတ်ခဲ့ပါသည် " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ သဲကားဘရိတ်ပေါက်ပြီး အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တာကြောင့် နမ့်စန်မြို့ကနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T