တော်လှန်ရေးကြီးအတွက် ပြင်းပြခဲ့တဲ့ သူရဲ့ခံယူချက်တွေကို ဖွင့်ဟလာတဲ့အပြင် အဆင်ပြေပျော်ရွှင်နေတဲ့ ပုံရိပ်တွေတင်နေတဲ့ ပြည်သူတွေကို မေတ္တာရပ်ခံလာတဲ့ PDF ရဲဘော်တစ်ဦး

//s9.kh1.co/05/0519d9ae18e8e8b2affaed6bc944323b90dbf4fe.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဘက်ပေါင်းစုံက GZလူငယ်တွေကတော့ အရေးတော်ပုံအောင်မြင်အတွက် မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနိုင်ရန် လွတ်မြောက်ဒေသတွေမှာ PDFတပ်ထဲဝင်ရောက်ပြီး စစ်သင်တန်းများ တက်ရောက်သင်ကြားနေကြတာ တွေ့မြင်နေရပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် တန်ဖိုးရှိတဲ့ အရာတွေကို စွန့်ခွာပြီး တောတောင်တွေထဲက ခက်ခဲကြမ်းတမ်းတဲ့နေရာတွေမှာ ယုံကြည်ရာကို လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။

Photo Credit - Pyae Phyo Min
Photo Credit - Pyae Phyo Min
Photo Credit - Pyae Phyo Min
Photo Credit - Pyae Phyo Min

သူတို့တွေဟာ ပြည်သူတွေရဲ့ ရည်မှန်းချက်တွေ ပြည့်ဝအောင် မိမိအသက်တွေနဲ့ ပေးဆပ်ပြီး ဘဝကိုအရင်းခံထားခဲ့သူတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ပညာများသင်ကြားနေချိန်မှာလည်း  တောတောင်တွေထဲမှာ အဆင်မပြေမှုတွေနဲ့ ပင်ပန်းတာတွေရှိနေပေမယ့် PDF ရဲဘော်တွေကတော့ ကြိုးစားရုန်းကန်ကြပြီး မကြာခဏဆိုသလို သူတို့ရဲ့ဖြစ်တည်မှုနဲ့ ခံယူချက်တွေကို ဖွင့်ဟလာခဲ့ကြတာ တွေ့ရပါတယ်။

Photo Credit - Pyae Phyo Min
Photo Credit - Pyae Phyo Min
Photo Credit - Pyae Phyo Min
Photo Credit - Pyae Phyo Min

ယခုမှာလည်း ဆရာဝန်တစ်ယောက်ကနေ လက်နက်စွဲကိုင်ပြီး တော်လှန်ရေးသမားဖြစ်လာတဲ့ PDF ရဲဘော်တစ်ဦးက သူရဲ့ ခံယူချက်တွေကို ဖွင့်ဟလာခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါရဲဘော်က အရေးတော်ပုံကြီးမှာ အသက်စွန့်သွားတဲ့ သူတွေကိုမျက်နှာ ထောက်ပြီး အာဏာရှင်တွေရဲ့ လက်အောက်မှာ အဆင်ပြေပျော်ရွှင်နေကြတဲ့ ရုပ်ပုံတွေကို လူမှုကွန်ယက်တွေမှာ မတင်ကြဖို့ကိုလည်း မေတ္တာရပ်ခံလာခဲ့တာ တွေ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=1108,q=100/a7/a7ccfe6efe825418e28f0a414965a12d9fc90331.jpg

သတင်း အရင်းအမြစ်Source - Pyae Phyo Min




Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T