ရဟန်းဘဝကိုစွန့်လွှတ်ပြီး အာဏာရှင်ကို ဆန့်ကျင်ဖို့အတွက် လွတ်မြောက်နယ်မြေမှာ လက်နက်ကိုင်နေတဲ့ ဦးဇင်းဦးဥက္ကံသနဲ့ ဦးပညာသိရီ

//s9.kh1.co/06/0615faac92273d041ba502b2ffac49421fb3b64c.jpeg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပြည်သူတွေအနေနဲ့ တော်လှန်ရေးစတင်ခဲ့တာ အခုဆိုရင် (၇)လကျော်သွားခဲ့ပြီ ဖြစ်ပါတယ်..။ အရေးတော်ပုံကြီးမှာ အသက်ပေးကြွေလွင့်သွားကြတဲ့ သူရဲကောင်းတွေအတွက် ပူဆွေးနေရတာကလည်း ကာလအတော်ကြာမြင့်ခဲ့ပါပြီ..။ တော်လှန်ရေးအတွက် ယနေ့အချိန်ထိ တိုက်ပွဲဝင်နေကြသူတွေအထဲမှာ လူတန်းစားအမျိုးမျိုးပါဝင်နေကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

အကြမ်းဖက်မှုတွေနဲ့ ဥပဒေမဲ့ပြုမူနေကြတဲ့ အာဏာရှင်တွေကို ဆန့်ကျင်တော်လှန်နေသူတွေထဲ ရဟန်းသံဃာတော်တွေလည်း ပါဝင်လာပြီး ပြည်သူတွေနဲ့အတူ ရှေ့တန်းကရပ်တည်နေကြတာ တွေ့ရပါတယ်။ ပြည်သူတွေအတွက် ရဟန်းဘဝကိုစွန့်လွှတ်ပြီး လက်နက်ကိုင်နေတဲ့ ဦးဇင်းဦးဥက္ကံသနဲ့ ဦးပညာသိရီကတော့ PDF အဖွဲ့ဝင်တွေအဖြစ် လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

အသက် (၃၁)နှစ်အရွယ် ဦးဇင်းအရှင်ပညာသီရိဟာ ပဋိယတ္တိစာပေမှာ ပထမကြီးတန်းအောင်ထားပြီး မန္တလေး ဗုဒ္ဓတက္ကသိုလ်နောက်ဆုံးနှစ်တက်ကာ (၁၁)ဝါရနေပြီ ဖြစ်ပေမယ့် အရပ်သားပြည်သူများ သာမက ရဟန်းသံဃာတော်များကိုပါ ရိုက်နှက်ဖမ်းဆီးထောင်ချနေတာကြောင့် လက်နက်ကိုင်တော်လှန်ရေးသမား ဖြစ်လာရတာ ဖြစ်ပါတယ်..။ ဦးဇင်းဉီးဥက္ကံသကလည်း ပြည်သူတွေပေးလှူတဲ့ ဆွမ်းကို မစားဝံ့နိုင်တော့အတွက် ရဟန်းဘဝကိုစွန့်လွှတ်ပြီး ပြည်သူတွေအတွက်ပေးဆပ်ကာ လွတ်မြောက်နယ်မြေတနေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T