တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေ ထောက်ပံ့မယ်ဆိုတဲ့ UNICEF မှ ကမ်းလှမ်းချက်ကို တုံ့ဆိုင်းခြင်းမရှိဘဲ ပယ်ချခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံ

//s9.kh1.co/6c/6c361f5a1891405bc5dfc2c6c32154ae81ff01f0.jpeg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြောက်ကိုရီးယားနိုင်ငံကို တရုတ် COVID-19 ကာကွယ်ဆေး အလုံးရေသုံးသန်းခန့် ထောက်ပံ့ပေးမည်ဖြစ်ကြောင်းကမ္ဘာ့ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) မှ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သတင်းများတွင်ဖော်ပြထားကြပါတယ်။ တရုတ်ကာကွယ်ဆေးပုလင်းများကို သူတို့ထံသို့ မပေးဘဲ အခြားလိုအပ်နေတဲ့ နိုင်ငံတွေကိုသာ ထောက်ပံ့ပေးသင့်ကြောင့် မြောက်ကိုရီးယားနိုင်ငံမှ တာဝန်ရှိသူတစ်ဦးမှ Unicef သို့ အကြောင်းပြန်လာခဲ့တာဖြစ်ပါတယ်။ 

Photo Crd-Philstar’s Facebook Page 
Photo Crd-Philstar’s Facebook Page 
Photo Crd-Philstar’s Facebook Page 
Photo Crd-Philstar’s Facebook Page 

မြောက်ကိုရီးယားနိုင်ငံဟာ အိမ်နီးချင်း တရုတ်နိုင်ငံကနေ corona virus ပျံ့နှံ့မယ့်အရေးကနေ ကာကွယ်တားဆီးရန်၂၀၂၀ ဇန်နဝါရီလကတည်းကစပြီး သူတို့ရဲ့ နယ်စပ်များကို ပိတ်ချခဲ့ပြီး တင်းကျပ်တဲ့ lockdown ကို ချမှတ်ခဲ့တဲ့ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ သူတို့နိုင်ငံမှာ ကိုဗစ်ကူးစက်သူတစ်ဦးမှ မရှိကြောင်း သတင်းထုတ်ပြန်ထားပေမယ့်လည်း ဒီကိစ္စဟာ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာနေသူများအနေနဲ့ သံသယဖြစ်စရာ အခြေအနေ ဖြစ်နေခဲ့ပါတယ်။

Photo Crd-Philstar’s Facebook Page 
Photo Crd-Philstar’s Facebook Page 
Photo Crd-Philstar’s Facebook Page 
Photo Crd-Philstar’s Facebook Page 

မြောက်ကိုရီးယားနိုင်ငံဟာ ယခင်က Covax အစီအစဥ်က ကမ်းလှမ်းခဲ့တဲ့ အက်စ်ထရာ ဇန်နကာ ကာကွယ်ဆေးများကိုလည်း လက်မခံဘဲ ပယ်ချခဲ့ပါသေးတယ်။  ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများ ရှိနေခဲ့ပုံရကြောင်း ဆိုးလ်စပိုင်အေဂျင်စီနှင့် ဆက်နွယ်တဲ့ တောင်ကိုရီးယား think tank (လူမှုရေး၊စီးပွားရေး၊ နိုင်ငံရေးအကြံပေးအဖွဲ့) တစ်ခုဖြစ်သည့် အမျိုးသားလုံခြုံ‌ရေးမဟာဗျူဟာ အင်စတီကျူ့က ဇူလိုင်လက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားတွင် ဖိုက်ဇာနှင့် မိုဒါးနား ကာကွယ်ဆေးများအတွက်လုံလောက်တဲ့ အအေးခန်းစနစ် သိုလှောင်မှု အထောက်အပံ့များ တပ်ဆင်ထားခြင်း မရှိသလို တရုတ်ကာကွယ်ဆေးများရဲ့ ထိရောက်မှုအပေါ်တွင်လည်း သံသယရှိနေခဲ့တာ ဖြစ်ပါတယ်။

Source and Photo Crd-Philstar’s Facebook Page 

Photo Crd-Philstar’s Facebook Page 
Photo Crd-Philstar’s Facebook Page 
Photo Crd-Philstar’s Facebook Page 
Photo Crd-Philstar’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T