အိုင်ဒါ ဟာရီကိန်း မုန်တိုင်းဒဏ်ကြောင့် နယူးယောက်မြို့ရဲ့ ရထားဘူတာရုံတွေ နေအိမ်အဆောက်အဦးတွေအထိ ရေကြီးရေလျှံမှုတွေ ဆိုးဝါးစွာ ဖြစ်ပေါ်နေတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/d0/d0dea30d691bc9113d3ad6e5c8ddedefeffb19e2.jpeg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

သဘာဝ ဘေးအန္တရာယ်တွေကို ဘယ်သူမှလည်း ကြိုတင်မမြင်နိုင်လို့ တကယ်တမ်း ကြုံတွေ့ရတဲ့ အခါ ပြည်သူတွေ အနေနဲ့ ဆုံးရှုံးမှုတွေများစွာကို ရင်ဆိုင်ရပါတယ် ။ အခုလည်း အမေရိကန် နိုင်ငံ နယူးယောက်မြို့မှာ အိုင်ဒါလို့ အမည်ပေးထားတဲ့ ဟာရီကိန်း မုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ အတော်လေး ရှိနေခဲ့ပါတယ် ။

Photo Credit : Daily Mail Facebook Page
Photo Credit : Daily Mail Facebook Page

ဆိုင်ကလုန်း အိုင်ဒါတိုက်ခတ်ကာ ရေကြီးမှုတွေကြောင့် အမေရိကန်နိုင်ငံ နယူးယောက်နဲ့ နယူးဂျာဆီပြည်နယ်များမှာ အနည်းဆုံးလူပေါင်း ၃၈ ယောက်သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြထားကြပါတယ် ။  မြေအောက်အိမ်ခန်းတွေထဲအထိ (၂) မီတာခန့် ရုတ်တရက် ရေတွေတက်လာတာကြောင့်  အခန်းတွေ ထဲမှာပဲ ပိတ်မိကာ သေဆုံးရခြင်းဖြစ်တယ်လို့ သိရပါတယ် ။

Photo Credit : Daily Mail Facebook Page
Photo Credit : Daily Mail Facebook Page

ဒါ့အပြင် နယူးယောက် မြို့ရဲ့ ရထားဘူတာရုံတွေနဲ့ စားသောက်ဆိုင်တွေမှာလည်း ရေကြီးရေလျှံမှုတွေ ဆိုးဝါးစွာ ရှိနေတာကို ဗီဒီယိုထဲမှာ တွေ့ရမှာပါ ။ ဒါကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး မြေအောက်ရထားလိုင်းများ ပိတ်ထားတဲ့ အပြင် လေယာဉ်ခရီးစဉ်ပေါင်း (၃၇၀) ကျော်ကိုလည်း ရွှေ့ဆိုင်းလိုက်ရတယ်လို့ သိရသည်။ပရိသတ်ကြီးအတွက် အိုင်ဒါ မုန်တိုင်းနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့က လက်ရှိ အခြေအနေတွေကိုဖော်ပြပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T