တရုတ်အစိုးရမှ ယောကျာ်းမပီသသောပုံစံရှိသည့် အမျိုးသားများကို TVတွင်ပြသခွင့်ပိတ်မည်ဟု ကြော်ငြာချက်ထုတ်ပြန်

//s9.kh1.co/86/8649809975e7c80eb61702393803063426ec676c.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

တရုတ်သမ္မတရှီကျင့်ဖျင်သည်ကြာသပတေးနေ့တွင် ယောကျာ်းမပီသသောပုံစံရှိတဲ့ အမျိုးသားများကို ရုပ်မြင်သံကြား TVများတွင် ပြသခွင့်မပြုရန် သတင်းထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။

စီးပွါးရေးနှင့် လူမှုရေးနယ်ပယ်ရှိ ရုပ်သံထုတ်လွှင့်ခြင်းများတွင် ယောက်ျားမပီသသော အသွင်သဏ္ဍန်ရှိသည့် ယောက်ျားများကို ပြသခွင့်ပိတ်ခြင်းအားဖြင့် ယဉ်ကျေးမှုအနုပညာကို ပြောင်းလဲရန်အတွက် Campaign တစ်ခုစတင်ရန် ရုပ်သံလွှင့်ဌာနများကို အသိပေးခဲ့တာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

အခုလိုပြုလုပ်ခြင်းဟာ ကလေးများကိုအွန်လိုင်းဂိမ်းကစားခြင်းမှလည်း လျော့ကျစေပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ အကြောင်းကိစ္စများကိုလည်း လျှော့ချစေနိုင်ဖို့အတွက်လို့ သိရပါတယ်။ တရုတ်နိုင်ငံ ပေါ့စတားများ၏ တောင်ကိုရီးယားနှင့်ဂျပန်ရှိ အဆိုတော်များ၊ သရုပ်ဆောင်များကို အတုယူ၍ ဝတ်စားဆင်ယင်မှုများသည် တရုတ်နိုင်ငံအတွင်းရှိ လူငယ်များကို ယောက်ျားပီသစေရန် ကြိုးစားနိုင်အောင် လှုံဆော်နိုင်ခြင်းမရှိသောကြောင့် ယခုကဲ့သို့ ထိန်းချုပ်ရခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ကြော်ငြာခဲ့တာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်းထုတ်လွှင့်သူများအ‌နေနဲ့လည်း အင်တာနက်က နာမည်ကြီးဆယ်လီများကိုမြှင့်တင်ခြင်း၊ ချမ်းသာကြွယ်ဝခြင်းနဲ့ထင်ပေါ်ကျော်ကြားခြင်းကိုချီးကျူးခြင်းတို့ကိုရှောင်ကြဉ်သင့်ပြီး ၎င်းအစား အစီအစဉ်များသည် အလွန်ကောင်းသောတရုတ်ရိုးရာယဉ်ကျေးမှု၊ တော်လှန်ရေးယဉ်ကျေးမှုနှင့်အဆင့်မြင့်ဆိုရှယ်လစ်ယဉ်ကျေးမှု ကိုအားကြိုးမာန်တက်မြှင့်တင်သင့်တယ်လို့လည်း တရုတ်အစိုးရကပြောသွားခဲ့ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T