ခန္ဓာဝန်ချတော်မူခဲ့တဲ့ ဟိုပုံးကိုရင်လေးရဲ့ ရုပ်ကလာပ်တော်အား အန္တိမစျာပနာ အခမ်းအနားပြုလုပ်ပေးပြီး နောက်ဆုံးမီးသင်္ဂြိုလ်ပူဇော်ခဲ့တဲ့ ရုပ်သံဖိုင်

//s9.kh1.co/4e/4e15b4c4df8815548b99918859e658f78cb16f1f.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.


စက်တင်ဘာလ (၁) ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပုံးမြို့နယ် ထန်စမ်းဂူအတွင်း သီတင်းသုံးနေတဲ့ ဟိုပုံးကိုရင်လေး အရှင်ပေါရိသဟာ သာသနာတော်ကို ထမ်းရွက်နေရင်း
ကိုဗစ်ရောဂါနဲ့ ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ပါတယ်။ ဟိုပုံးကိုရင်လေးဟာ ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့တဲ့ချိန်မှာတော့ သက်တော် (၄၇)နှစ်ရှိပြီးလို့ သိရပါတယ်။

Photo Credit - ဟဝ်သေခရား ဥပဒေးပညာ
Photo Credit - ဟဝ်သေခရား ဥပဒေးပညာ
Photo Credit - ဟဝ်သေခရား ဥပဒေးပညာ
Photo Credit - ဟဝ်သေခရား ဥပဒေးပညာ

ယမန်နေ့ကတော့ နောက်ဆုံးခန္ဓာဝန်ချတော်မူခဲ့တဲ့ ဟိုပုံးကိုရင်လေးရဲ့ ရုပ်ကလာပ်တော်ကို ပင့်ဆောင်ပြီး အန္တိမစျာပနာ သာဓုကီဠန ပူဇာသဘင်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဟိုပုံးကိုရင်လေးရဲ့ ရုပ်ကလာပ်တော်အား အန္တိမစျာပနာပွဲကို တပည့်သံဃာတော်များ၊ ဒါယကာ၊ဒါယိကာမအများအပြားဟာ လာရောက်ဖူးမြော်ခဲ့ကြတာ တွေ့ရပါတယ်။ ယခုမှလည်း ဟိုပုံးကိုရင်လေးရဲ့ ရုပ်ကလာပ်တော်အား အန္တိမစျာပနာပွဲ ပြုလုပ်ခဲ့တဲ့  ဗီဒီယိုလေးဟာ ပျံ့နှံ့လာခဲ့ပါတယ်။

Photo Credit - ဟဝ်သေခရား ဥပဒေးပညာ
Photo Credit - ဟဝ်သေခရား ဥပဒေးပညာ
Photo Credit - ဟဝ်သေခရား ဥပဒေးပညာ
Photo Credit - ဟဝ်သေခရား ဥပဒေးပညာ

ဗီဒီယိုထဲမှာတော့ တပည့်၊ ဒါယကာ၊ဒါယိကာမတွေက ဝမ်းနည်းမှုတွေနဲ့ ဟိုပုံးကိုရင်လေးရဲ့ နောက်ဆုံးခန္ဓာဝန်ချတော်မူခဲ့တဲ့ ရုပ်ကလာပ်တော်အား မီးသင်္ဂြိုလ်ပူဇော်ပေးခဲ့တာ ဖြစ်ပါတယ်။ ဟိုပုံးကိုရင်လေးဟာ ကိုဗစ်ရောဂါဝေသနာဖြင့် ယခုလိုဘဝနတ်ထံပျံလွန်တော်မူသွားခဲ့တာကြောင့် သာသနာတော်ကြီးအပြင် ပအိုဝ်းပြည်သူတွေအတွက်ကြီးမားတဲ့ ဆုံးရှုံးမှုကကြီးတစ်ခု ဖြစ်ခဲ့ရပါတယ်။ ဟိုပုံးကိုရင်လေးရဲ့ နောက်ဆုံးရုပ်ကလာပ်တော်အား အန္တိမစျာပနာပွဲ ပြုလုပ်ခဲ့တာကို အဝေးက ဒါယကာ၊ဒါယိကာမတွေလည်း ပြန်လည်ဖူးမြော်ခွင့်ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - ဟဝ်သေခရား ဥပဒေးပညာ

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T