CDMရဲဘော်တွေနဲ့ မြန်မာပြည်သူတွေကို ပေးထားတဲ့ကတိတွေ မပျက်ဖို့အတွက် မိုးထဲရေထဲမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေတဲ့ မင်းတပ်CDF

//s9.kh1.co/93/93b13f290563e71890e8c40fcf2dd03b084990a5.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

CDMရဲဘော်တွေနဲ့ မြန်မာပြည်သူတွေကို ပေးထားတဲ့ကတိတွေ မပျက်ဖို့အတွက် မိုးထဲရေထဲမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေတဲ့ မင်းတပ်CDF

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားပြီး ဒေသခံပြည်သူတွေဟာ ဘေးကင်းရာနေရာမှာ စစ်ဘေးရှောင်နေခဲ့ရပါတယ်။ ပြည်သူတွေရဲ့ အနာဂတ်တွေ ပိုမိုတောက်ပဖို့၊အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံဖို့၊ ယခုလိုစစ်ဘေးမရှောင်ရတော့ဘဲ အေးချမ်းစွာနေရဖို့အတွက် မင်းတပ်CDFတပ်ဖွဲ့ဟာ ရရာလက်နက်နဲ့ ရန်သူကို တိုက်ထုတ်နေပါတယ်။ယခုမှာတော့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟာ ရန်သူကို တိုက်ခိုက်ချေမှုန်းဖို့အတွက် ပင်ပန်းခက်ခဲမှုတွေကို အံ့တုပြီး အပြင်းအထန်စစ်ရေးလေ့ကျင့်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

CDMလှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ရဲဘော်တွေကို ပေးထားတဲ့ ကတိနဲ့ မြန်မာပြည်သူတွေကို ပေးထားတဲ့ ကတိမပျက်စေဖို့အတွက် နေပူမရှောင်၊မိုးရွာမရှောင်နဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်နေခဲ့တာပဲ ဖြစ်ပါတယ်။ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ဆီ အရောက်သွားနိုင်ဖို့အတွက် ယခုလိုပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေဟာ ကတိတစ်ခုကို လွယ်လွယ်နဲ့မပေးတတ်သလို ပေးထားတဲ့ ကတိကိုလည်း လွယ်လွယ်နဲ့ ချိုးဖြတ်လေ့ရှိတဲ့ လူတွေမဟုတ်တာကြောင့် မင်းတပ်CDFတပ်ဖွဲ့အနေနဲ့ ကတိတွေတည်နိုင်ဖို့ ယခုလို အသက်ကိုတောင်ပေးပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်နေတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ CDF - Mindat အနေနဲ့ CDM ရဲဘော်တွေကို ပေးထားတဲ့ ကတိမပျက်ဖို့၊ လူထုကိုပေးတဲ့ကတိမပျက်ဖို့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေးပန်းတိုင်ဆီ အရောက်သွားဖို့ အတွက် လေ့ကျင့်နေကြောင်း၊ မိုးထဲလေထဲမှာ လေ့ကျင့်ရေးပြင်းပြင်းထန်ထန် လုပ်နေတယ်ဆိုတာကို မြန်မာပြည်သူတွေ သံသယမရှိစေချင်ကြောင်း၊ အရေးတော်ပုံအောင်ရမည်ဖြစ်ကြောင်း ရေးသားထုတ်ပြန်ထားပါတယ်။ ပြည်သူတွေကတော့ မင်းတပ်CDFတပ်ဖွဲ့ကို အရမ်းလေးစားမိသလိုကျေးဇူးလည်း တင်မိကြောင်း၊ တိုက်ပွဲတိုင်း တစ်ယောက်မှ မထိခိုက်ဘဲ အောင်ပွဲတွေ ရရှိပါစေကြောင်း အားပေးစကားတွေ ပြောဆိုနေကြပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T