အမေရိကန်အား အနိုင်ရရှိခဲ့တဲ့အတွက် စစ်ရေးပြအခမ်းအနားကို ပျော်ရွှင်စွာ ကျင်းပပြီး အောင်ပွဲခံနေကြတဲ့ တာလီဘန်တွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/93/93923108cde41fa718c96a0c53ac684a06e68060.jpeg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

တာလီဘန်တွေဟာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အပေါ် ပြတ်ပြတ်သားသား အနိုင်ရခဲ့တာကို အောင်ပွဲခံတဲ့အနေနဲ့ စက်တင်ဘာ(၁) ရက်နေ့က အာဖဂန်နစ္စတန်တောင်ပိုင်းမြို့ကြီး ကန်ဒါဟာတွင်စစ်ရေးပြအခမ်းအနားကျင်းပခဲ့ကြပါတယ်။ သူတို့တွေဟာ လောလောလတ်လတ် သိမ်းယူထားခဲ့ကြတဲ့ လက်နက်တွေနဲ့အတူ အမေရိကန်လုပ် သံချပ်ကာယာဉ်ပေါင်းများစွာကိုလည်း ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။နောက်ဆုံးရုတ်သိမ်းသွားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ စစ်သွေးကြွလူတစ်စု ချုပ်ကိုင်ထားတဲ့ အာဖဂန်နစ္စတန်မှ အပြီးပိုင် ထွက်ခွာသွားခဲ့ပြီးနောက် တာလီဘန်တွေမှ အခုလို စစ်ရေးပြအခမ်းအနားကို ကျင်းပခဲ့ကြတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ လူမှုကွန်ယက်ပေါ်တွင် အတော်လေး ပျံ့နှံ့လျက်ရှိနေတာ ဖြစ်ပါတယ်။

Photo Crd-China Xinhua News’s Facebook Page 
Photo Crd-China Xinhua News’s Facebook Page 
Photo Crd-China Xinhua News’s Facebook Page 
Photo Crd-China Xinhua News’s Facebook Page 

စစ်ရေးပြအခမ်းအနားတွင်လည်း တာလီဘန်များဟာ အနှစ်(၂၀) ကျော်ကြာတဲ့ စစ်ပွဲအတွင်း ညွန့်ပေါင်းတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ စစ်ကားတွေနဲ့လက်နက်တွေကို ပြသသွားခဲ့တာကိုလည်း ဗီဒီယိုဖိုင်ထဲတွင် မြင်တွေ့ခဲ့ရပါတယ်။တာလီဘန်တွေ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ အခမ်းအနားအပြီးမှာ သူတို့တွေကို ထောက်ခံအားပေးသူတွေက ကြီးမားတဲ့ အစည်းအဝေးပွဲကြီးမှာ စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။

Photo Crd-China Xinhua News’s Facebook Page 
Photo Crd-China Xinhua News’s Facebook Page 
Photo Crd-China Xinhua News’s Facebook Page 
Photo Crd-China Xinhua News’s Facebook Page 

တာလီဘန်တွေ ခန့်အပ်ထားတဲ့ ကန်ဒါဟာ အုပ်ချုပ်ရေးမှူးအသစ်က ထိုအစည်းအဝေးပွဲတွင် မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ အာဖဂန်ပြည်သူတွေကတော့ သူတို့ရဲ့ မြို့လေးကို တာလီဘန်တွေ အုပ်ချုပ်မယ့်အရေးကိုကျေနပ်ကြမှာတော့ မဟုတ်ပါဘူး။ ပရိသတ်တွေ ကြည့်ရှုလို့ရနိုင်အောင် အမေရိကန်ကို အနိုင်ရခဲ့တဲ့အတွက်စစ်ရေးပြအခမ်းအနားကို ပျော်ရွှင်စွာ ကျင်းပပြီး အောင်ပွဲခံနေကြတဲ့ တာလီဘန်တွေရဲ့ ဗီဒီယိုဖိုင်ကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-China Xinhua News’s Facebook Page 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T