တောထဲမလှည့်ရတဲ့နေ့တွေမှာ ထင်းရှာထွက်ကြရင်း ထင်းတုံးကြီးတွေကိုမမောနိုင်မပန်းနိုင်သယ်နေကြတဲ့ PDFရဲဘော်များ

//s9.kh1.co/09/09df186888e6a1027fd1c19b4cd721a5a0bab6ef.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအရ လူငယ်တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ်နဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကလည်း ပါ၀င်နေကြပြီး အာဏာရှင်ကိုအမြစ်ဖြုတ်ရန်နဲ့ စစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီရရှိဖို့အတွက် ကြိုးစားနေကြတာကို တွေ့ရပါတယ် ။ လူငယ်တွေအနေနဲ့ လွတ်မြောက်နယ်မြေတွေမှာ စစ်ပညာသင်ယူရတာကလည်း မလွယ်ကူလှတဲ့ကိစ္စတစ်ရပ်ဆိုတာ လူတိုင်းလည်းသိကြပြီးဖြစ်မှာပါ။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

စစ်ပညာကို သင်ယူနေချိန်မှာလည်း PDF ရဲဘော်တွေဟာ လွတ်မြောက်နယ်မြေထဲမှာ အမိုးအကာမပြည့်စုံတဲ့ တဲအိမ်လေးတွေနဲ့ ဖြစ်သလို နေထိုင်ကြရပြီး ဆာလောင်မှုတွေကို ခဏတာဖြည့်နိုင်အောင် ခက်ခက်ခဲခဲ ရှာဖွေကာ ချက်ပြုတ်စားသောက်နေကြရတာကိုလည်း တွေ့ရပါတယ် ။

ဒီလို ခက်ခဲကြမ်းတမ်းတဲ့ တောတောင်တွေထဲမှာ အဆင်မပြေမှုတွေနဲ့ ပင်ပန်းတာတွေရှိနေပေမယ့် PDF ရဲဘော်တွေကတော့ အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

လွတ်မြောက်နယ်မြေဒေသဘက်တွေမှာလည်း စစ်ရေးအရထိစပ်တိုက်ပွဲတွေမကြာခဏဖြစ်ပေါ်နေတာလည်းဖြစ်ပြီး PDFတွေအနေနဲ့လည်း သတိကြီးစွာနေနေကြရတာပါ။ ရိက္ခာစုဆောင်းမှုတွေလည်းပြုလုပ်နေရပြီး တောထဲတောင်ထဲမှာနေရတာဖြစ်တဲ့အတွက် ထင်းတွေလည်းစုဆောင်းထားရတာဖြစ်ပါတယ်။ အခုအခါမှာဆိုရင်လည်း PDFရဲဘော်တွေဟာ ထင်းရှာထွက်ကြရင်း အပင်ပန်းခံကြိုးစားနေကြတဲ့ပုံတွေကို တင်ပေးထားပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Saw Thae Ko's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T