လူနာတစ်ဦးရဲ့ နှစ်ချီခံစားနေရတဲ့ရောဂါဝေဒနာကို စေတနာထားပြီးကုသပေးလိုက်တာ (၄)ရက်မြောက်မှာ ပြန်ကောင်းသွားလို့ ပီတိဖြစ်နေတဲ့ ထူးခန့်ကျော်

//s9.kh1.co/89/89ef4c0a8ccf62df4d98fc4558892b041395b1e9.jpeg
အနုပညာရှင်များ

 ၀၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လူနာတစ်ဦးရဲ့ နှစ်ချီခံစားနေရတဲ့ရောဂါဝေဒနာကို စေတနာထားပြီးကုသပေးလိုက်တာ (၄)ရက်မြောက်မှာ ပြန်ကောင်းသွားလို့ ပီတိဖြစ်နေတဲ့ ထူးခန့်ကျော်

သရုပ်ဆောင်ထူးခန့်ကျော်ကတော့ ဗီဒီယိုဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် သူ့ကိုအားပေးကြတဲ့ပရိသတ်တွေလည်းရှိပါတယ်။အခုနောက်ပိုင်းမှာဆိုရင် ထူးခန့်ကျော်က ဇာတ်ကားတွေမရိုက်တော့ဘဲ သူအနည်းငယ်တတ်မြောက်ထားတဲ့ တိုင်းရင်းဆေးပညာနဲ့ ပြည်သူတွေကိုကူညီပေးနေတာဖြစ်ပါတယ်။သူက ထုံကျင်ကိုက်ခဲ၊လေဖြတ်လေငန်း၊ကျီးပေါင်း၊ဂေါက်ရောဂါနဲ့ အခြားအမျိုးမျိုးသောရောဂါတို့ ခံစားနေရတဲ့လူနာတွေကိုအခမဲ့ကုသပေးပြီး ကုသိုလ်ယူနေတာဖြစ်ပါတယ်။

Photo Credit:Htoo Khant Kyaw’s Fb acc
Photo Credit:Htoo Khant Kyaw’s Fb acc
Photo Credit:Htoo Khant Kyaw’s Fb acc
Photo Credit:Htoo Khant Kyaw’s Fb acc

ထူးခန့်ကျော်ကိုယ်တိုင် ကုသပေးလိုက်လို့ နဂိုအတိုင်းပြန်ကောင်းသွားတဲ့လူနာတွေလည်း သူ့ကိုအရမ်းကျေးဇူးတင်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဘယ်ဘက်လက်တစ်ဖက်ကို တစ်မိနစ်ပြည့်အောင် မမြှောက်နိုင်ဘဲ ပြန်ပြုတ်ကျနေတဲ့လူနာကို ပျောက်ကင်းအောင်ကုသပေးနိုင်တာပဲဖြစ်ပါတယ်။လူနာက အဲ့ဒီရောဂါဝေဒနာကိုခံစားနေရတာ နှစ်ချီကြာမြင့်နေပြီဖြစ်ပါတယ်။ထူးခန့်ကျော်ဆီ (၄)ကြိမ်လာကုသပြီးနောက်မှာ ဝမ်းသာစရာဖြစ်ရပ်နဲ့ကြုံခဲ့ရတာဖြစ်ပါတယ်။

Photo Credit:Htoo Khant Kyaw’s Fb acc
Photo Credit:Htoo Khant Kyaw’s Fb acc
Photo Credit:Htoo Khant Kyaw’s Fb acc
Photo Credit:Htoo Khant Kyaw’s Fb acc

ထူးခန့်ကျော်ရဲ့ စေတနာထားပြီးကုသပေးမှုကြောင့် လူနာရဲ့ ဘယ်ဘက်လက်က မိမွေးတိုင်းအကြာကြီးပြန်မြှောက်နိုင်သွားတာဖြစ်ပါတယ်။အခုလိုမျိုး သူ့ရဲ့ကုသမှုကြောင့် ပျောက်ကင်းခဲ့ရလို့ဝမ်းသာနေတဲ့လူနာကိုကြည့်ပြီး ထူးခန့်ကျော်လည်း ပီတိဖြစ်ခဲ့ရတာဖြစ်ပါတယ်။အခကြေးငွေမယူဘဲ လူနာတွေအပေါ် မေတ္တာအပြည့်နဲ့သာ တတ်စွမ်းသလောက်ကူညီပေးနေတဲ့ ထူးခန့်ကျော်ရဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Htoo Khant Kyaw’s Fb acc
Photo Credit:Htoo Khant Kyaw’s Fb acc
Photo Credit:Htoo Khant Kyaw’s Fb acc
Photo Credit:Htoo Khant Kyaw’s Fb acc
Photo Credit:Htoo Khant Kyaw’s Fb acc
Photo Credit:Htoo Khant Kyaw’s Fb acc

Source&Photo Credit:Htoo Khant Kyaw’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T