လက်နက်အစုံနဲ့ အစွမ်းကုန် လေ့ကျင့်ရေးတွေလုပ်ကာ ကြိုတင် ပြင်ဆင်နေကြတဲ့ လွတ်မြောက်နယ်မြေက လူငယ်လေးတွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/7a/7a91edb12f75253c14c5635f884c38487ada7291.jpeg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

......

ခုလက်ရှိ နိုင်ငံရေး အခြေအနေတွေကြောင့် စိတ်ဓာတ်ပြင်းထန်တဲ့ လူငယ်တွေ အများစုကတော့ သူတို့ရဲ့ ဘဝတွေကို စွန့်လွှတ်ပြီး လွတ်မြောက် နယ်မြေတွေထဲ သွားရောက်ကာ တိုင်းရင်းသား လက်နက်ကိုင်တွေဆီမှာ စစ်ပညာသင်ကြားလျက်ရှိပါတယ် ။ တစ်ချို့ တောင်တန်း ဒေသက PDF တွေဆိုရင် ကိုယ့်ဒေသနဲ့ လူမျိုးအတွက် အာဏာရှင် လူတစ်စုကို ပြန်လည် ခုခံတိုက်ခိုက်လျက် ရှိနေပါပြီ ။

Photo Credit : HTY Information Facebook Page
Photo Credit : HTY Information Facebook Page

ဒီလို တိုက်ခိုက်ကြရာမှာလည်း PDF တွေ အနေနဲ့လည်း များစွာ ပေးဆပ်မှုတွေရှိခဲ့ပါတယ် ။ သူတို့ဘက်လည်း ဒီလို တိုက်ပွဲတွေ မစခင် အချိန်များစွာပေးပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ကြရပါတယ် ။ ဒါ့အပြင် တိုက်ပွဲမှာ တွေ့ကြုံခဲ့ရတာတွေ ၊ အခက်အခဲတွေ ၊အောင်ပွဲတွေကိုလည်း ပြည်သူတွေ သိရှိပြီး စိတ်ခွန်အားဖြစ်စေရန် ရည်ရွယ်ကာ မှတ်တမ်း ဗီဒီယိုနဲ့ ပုံရိပ်တစ်ချို့ကိုလည်း ဝေမျှလေ့ရှိပါတယ် ။

Photo Credit : HTY Information Facebook Page
Photo Credit : HTY Information Facebook Page

အခုလည်း လွတ်မြောက်နယ်မြေမှာ စစ်ပညာရပ်တွေကို အစွမ်းကုန်သင်ကြား လေ့ကျင့်နေကြတဲ့ ဗီဒီယို မှတ်တမ်းတစ်ခုကို လုမှုကွန်ရက် စာမျက်နှာ ထက်မှာ တွေ့ရပါတယ် ။ ဗီဒီယိုထဲမှာ ရဲဘော် အယောက်စီတိုင်း အားကြိုးမာန်တက် စစ်ရေး လေ့ကျင့်နေကြတာကို တွေ့ရမှာပါ ။ ဗီဒီယိုလေးကြည့် ပြီး လေးစား ချီူကျူးမိတာ အမှန်ပဲမို့ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T